2017 ဒီဇင်ဘာလအတွက် ကံကြမ္မာရေးရာ

တနင်္ဂနွေ
ခရီးယာယီ များနေမည်။ လုပ်ငန်းခွင် အခက်အခဲတစ်ရပ်ကို အောင်မြင်စွာဖြေရှင်းနိုင်မည်။ ငွေကြေးကံ သင့်တင့်သည်။ ပညာရေးနှင့်ပတ်သက်၍ စိတ်မပျံလွင့်စေရန် သတိပြုပါ။ တစ်ဦးထက်ပိုသော မေတ္တာရေး မြင်သည်။ သားချင်းတစ်ဦး ဆေးရုံဆေးခန်းရောက်ကိန်းရှိသည်။ အာရုံကြောနှင့် စပ်ဆိုင်သောရောဂါ ဖြစ်တတ်သည်။ အဆိပ်ရှိသော သတ္တ၀ါအန္တရာယ် အထူး သတိရှိပါ။ ထီကံစမ်းလိုပါက ၃ ၈ ၇ ဂဏန်းများကို ရွေးချယ်ပါ။
 
တနင်္လာ
ငွေကြေးကံ ကောင်းမည့်ကာလဖြစ်သည်။ သို့သော် အသုံးအစွဲသေချာစိစစ်မှ တော်ကာကျမည်။ ဆွေမျိုးတစ်ဦး၏မင်္ဂလာကိစ္စ သတင်းစကားကြားရမည်။ ခရီးကိစ္စ အဆင်မပြေနိုင်သေးပါ။ အကြောအဆစ်လွဲခြင်း ညပ်ခြင်း ဖြစ်တတ်သည်။ ပညာရေးတွင် အဆင့်အတန်းမြင့်မြင့် အောင်မြင်မည်။ မိဘကျန်းမာရေး ဂရုပြုပါ။ ထီကံစမ်းလိုပါက ၀ ၉ ၂ ဂဏန်းများက ကံထူးစေတတ်သည်။
 
အင်္ဂါ
မေတ္တာရေးတွင် ကံခေနေမည့် ကာလဖြစ်သည်။ လုပ်ငန်းခွင်တွင် မပျော်ပိုက်ဘဲ အလုပ်ပြောင်းလိုစိတ်ဖြစ်နေမည်။ ခရီးထွက်လိုသော်လည်း ခြေချုပ်မိနေမည်။ ငွေကြေးကံ အလွန်ကောင်းသည်။ ပညာရည် မြင့်မားတိုးတက်နေမည်။ ချစ်သူခင်သူတို့၏ သတင်းကောင်းများကို ကြားရမည်။ ကျန်းမာရေးတွင် အစာအိမ်နာ သတိထားပါ။ ထီကံစမ်းလိုပါက ၄ ၂ ၁ ဂဏန်းများကို ရွေးချယ်ပါ။
 
ဗုဒ္ဓဟူး
အလုပ်လျှောက်ထားသူဖြစ်ပါက အလုပ်ရမည်။ လုပ်ငန်းခွင်မှ သူများအဖို့ ရာထူးတက်ကိန်းရှိသည်။ စုဆောင်းထားသော တန်ဖိုးရှိပစ္စည်းတစ်ခု ပျောက်တတ်သည်။ ဘုရားဖူးခရီး ထွက်ရတတ်သည်။ လက်လွန်နေသော ငွေကြေးတချို့ ပြန်လည်ရရှိနိုင်သည်။ ကားအတက်အဆင်း၊ လမ်းအသွားအလာ သတိပြုပါ။ ပညာရေးကံ အနည်းငယ်ညံ့နေသည်။ ထီကံစမ်းလိုပါက ၇ ၁ ၀ ဂဏန်းများက ပျော်ရွှင်ရလိမ့်မည်။
 
ကြာသပတေး
ဝေးကွာနေသော သူငယ်ချင်းတစ်ဦးက အကူအညီတောင်းတတ်သည်။ လုပ်ငန်းကိစ္စ တိုးချဲ့ခြင်း အဆင်ပြေမည်။ ငွေဝင်ငွေထွက် ကြမ်းနေမည်။ အိမ်တွင် လျှပ်စစ်အန္တရာယ် သတိရှိပါ။ လေနာရောဂါ ဖြစ်တတ်သည်။ ပညာရေးတွင် ရွေးချယ်စရာလိုင်း များနေမည်။ အလုပ်ကိစ္စဖြင့် အိမ်နီးချင်းနိုင်ငံတစ်ခုသို့ ခရီးထွက်ရမည်။ ထီကံစမ်းလိုပါက ၆ ၃ ၂ ဂဏန်းများကို ယုံကြည်သင့်သည်။
 
သောကြာ
မိသားစုလိုက် အပျော်ခရီးသွားရမည်။ အကြီးအကဲကျန်းမာရေး အထူးသတိပြုပါ။ ငွေကံကြေးကံ သင့်တင့်သော အနေအထားတွင် ရှိသည်။ မျက်စိနှင့်ပတ်သက်သောရောဂါ ဖြစ်တတ်သည်။ လုပ်ငန်းခွင်အတွင်း ပြသ၁နာတစ်ခုပြီးတစ်ခု ၀င်လာတတ်သည်။ အိမ်တွင် မီးဘေးအန္တရာယ် သတိထားပါ။ ပညာရေးတွင် ထင်သလိုခရီးမပေါက် ဖြစ်တတ်သည်။ ထီကံစမ်းလိုပါက ၈ ၆ ၁ ဂဏန်းများကို အလေးပေးသင့်သည်။
 
စနေ
အလုပ်ဆက်တိုက်များနေမှုကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်သော်လည်း အလွယ်တကူ ကျော်လွှားနိုင်မည်။ ရပ်ဝေးခရီးလမ်းတစ်ခု မြင်သည်။ ငွေကြေးအဆင်ပြေမည်။ ကျန်းမာရေးတွင် လေးဖက်နာရောဂါကို ဂရုပြုပါ။ ပညာရေး သင့်တင့်ကောင်းမွန်သည်။ စက်ပစ္စည်း အသစ်တစ်ခု ၀င်ကိန်းရှိသည်။ ဆွေမျိုးသားချင်းတစ်ဦး၏ မင်္ဂလာသတင်း ကြားရမည်။ ထီကံစမ်းလိုပါက ၅ ၈ ၂ ဂဏန်းများက ကံကောင်းစေလိမ့်မည်။
 
 

 

Vote: 
No votes yet

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.