ခူမီးလူမ်ိဳးမ်ားကို ရခိုင္မ်ိဳးႏြယ္စု၀င္အျဖစ္ AA က သံုးႏႈန္းျခင္းကို ကန္႔ကြက္

ခူမီးလူမ်ိဳးမ်ားကို ရခိုင္မ်ိဴးႏြယ္စု၀င္အျဖစ္ AA က သံုးႏႈန္းျခင္းကို ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ကို ခူမီး ခ်င္းမ်ိဳးႏြယ္စုေရးရာ ေပါင္းစပ္ညွွိနိုင္းေရး ေကာ္မတီ (KACC) ယေန႔ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။
 
လႊတ္ေတာ္ကိုယ္စားလွယ္္ ဦးေ၀ွ႔တင္း ကို ျပန္လႊတ္ေပးခဲ့ေသာ AA ၏ ထုတ္ျပန္ခ်က္ထဲတြင္ ရခိုင္ႏွင့္ ခ်င္း၊ ခူမီး (ခမီး)၊ ျမိဳ၊ ဒိုင္းနက္၊ သက္၊ လင္းၾကဲ၊ ျမာ အပါအ၀င္ အျခားေသာ ရခိုင္မ်ိဳးႏြယ္စုမ်ားဟု သံုးႏႈန္းထားသည္။
 
AA ၏ အဆိုပါ အသံုးအႏႈန္းေၾကာင့္ ခ်င္းမ်ိဳးႏြယ္စုမ်ားၾကားတြင္ ဂယက္ရိုက္မႈမ်ားျဖစ္လာသည့္ အတြက္ ယခုလိုေၾကညာခ်က္ ထုတ္ရျခင္းျဖစ္သည္ဟု KACC မွ ညွိႏႈိင္းေရးမွဴးျဖစ္သူ ဦးေစာျမ က The Ladies News သို႔ေျပာၾကားသည္။
 
`ခူမီးေတြကို သူတို႔က ရခိုင္မ်ိဳးႏြယ္စု၀င္ အဲဒီလိုသံုးခဲ့တဲ့အခါၾကေတာ့ ကၽြန္ေတာ္တို႔ဘက္မွာ ဂယက္ရိုက္မႈ ေတာ္ေတာ္ၾကီးတယ္။ အဲဒီကိစၥက။ သို႔ေလာ သို႔ေလာျဖစ္တယ္။ အဲဒါေၾကာင့္ အဲဒီလိုမ်ိဳး မျဖစ္ေအာင္ မသံုးပါနဲ႔။ ကၽြန္ေတာ္တို႔က ဆိုလိုတာက ကၽြန္ေတာ္တို႔ ခူမီးေတြက ခ်င္းခံယူတာ မဟုတ္ဘူးေနာ္။ ခ်င္းမို႔လို႔ ခ်င္းျဖစ္ေနတာေလ။ အဲဒါ ကၽြန္ေတာ္တို႔လည္း ေရြးခ်ယ္ပိုင္ခြင့္ မရွိဘူး။ အဲဒါေၾကာင့္ အမ်ားသိေအာင္ ေၾကညာေပးလိုက္တာ။ ျပီးေတာ့ ေနာက္ေနာင္ အဲဒီလို လူမ်ိဳးေရးနဲ႔ ပတ္သက္တဲ့ ဟာေတြကို မသံုးႏႈန္းေပးဖို႔ အဓိက အဲဒါပါပဲ` ဟု ၄င္းက ေျပာၾကားသည္။
 
KACC ၏ ထုတ္ျပန္ခ်က္ထဲတြင္ ခ်င္းျပည္နယ္၊ ပလက္၀ျမိဳ့နယ္တြင္ အဓိကေနထိုင္ၾကသည့္ မိမိတို႔ ခူမီး (ခမီး) လူမ်ိဳးမ်ားအား ရခိုင္မ်ိဳးႏြယ္စု၀င္အျဖစ္ အမ်ားထင္ေယာင္ ထင္မွားျဖစ္ေစမည့္ ေရးသားသံုးႏႈန္းမႈမ်ားကို မည္သည့္အဖဲြ႔အစည္း၊ မည္သည့္ပုဂၢိဳလ္ တစ္ဦးတစ္ေယာက္အေနျဖင့္ ေျပာဆိုသံုးႏႈန္းျခင္း မျပဳရန္ အေလးအနက္ အသိေပးလိုက္သည္ဟု ေဖၚျပထားသည္။
 
ေအာင္ရဲေနာင္
The Ladies News
#Unicode
ခူမီးလူမျိုးများကို ရခိုင်မျိုးနွယ်စုဝင်အဖြစ် AA က သုံးနှုန်းခြင်းကို ကန့်ကွက်
--- --- ---
ခူမီးလူမျိုးများကို ရခိုင်မျိူးနွယ်စုဝင်အဖြစ် AA က သုံးနှုန်းခြင်းကို ကန့်ကွက်ကြောင်း ကြေညာချက်ကို ခူမီး ချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှှိနိုင်းရေး ကော်မတီ (KACC) ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
 
လွှတ်တော်ကိုယ်စားလှယ်် ဦးဝှေ့တင်း ကို ပြန်လွှတ်ပေးခဲ့သော AA ၏ ထုတ်ပြန်ချက်ထဲတွင် ရခိုင်နှင့် ချင်း၊ ခူမီး (ခမီး)၊ မြို၊ ဒိုင်းနက်၊ သက်၊ လင်းကြဲ၊ မြာ အပါအဝင် အခြားသော ရခိုင်မျိုးနွယ်စုများဟု သုံးနှုန်းထားသည်။
 
AA ၏ အဆိုပါ အသုံးအနှုန်းကြောင့် ချင်းမျိုးနွယ်စုများကြားတွင် ဂယက်ရိုက်မှုများဖြစ်လာသည့် အတွက် ယခုလိုကြေညာချက် ထုတ်ရခြင်းဖြစ်သည်ဟု KACC မှ ညှိနှိုင်းရေးမှူးဖြစ်သူ ဦးစောမြ က The Ladies News သို့ပြောကြားသည်။
 
`ခူမီးတွေကို သူတို့က ရခိုင်မျိုးနွယ်စုဝင် အဲဒီလိုသုံးခဲ့တဲ့အခါကြတော့ ကျွန်တော်တို့ဘက်မှာ ဂယက်ရိုက်မှု တော်တော်ကြီးတယ်။ အဲဒီကိစ္စက။ သို့လော သို့လောဖြစ်တယ်။ အဲဒါကြောင့် အဲဒီလိုမျိုး မဖြစ်အောင် မသုံးပါနဲ့။ ကျွန်တော်တို့က ဆိုလိုတာက ကျွန်တော်တို့ ခူမီးတွေက ချင်းခံယူတာ မဟုတ်ဘူးနော်။ ချင်းမို့လို့ ချင်းဖြစ်နေတာလေ။ အဲဒါ ကျွန်တော်တို့လည်း ရွေးချယ်ပိုင်ခွင့် မရှိဘူး။ အဲဒါကြောင့် အများသိအောင် ကြေညာပေးလိုက်တာ။ ပြီးတော့ နောက်နောင် အဲဒီလို လူမျိုးရေးနဲ့ ပတ်သက်တဲ့ ဟာတွေကို မသုံးနှုန်းပေးဖို့ အဓိက အဲဒါပါပဲ` ဟု ၄င်းက ပြောကြားသည်။
 
KACC ၏ ထုတ်ပြန်ချက်ထဲတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အဓိကနေထိုင်ကြသည့် မိမိတို့ ခူမီး (ခမီး) လူမျိုးများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် အများထင်ယောင် ထင်မှားဖြစ်စေမည့် ရေးသားသုံးနှုန်းမှုများကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အနေဖြင့် ပြောဆိုသုံးနှုန်းခြင်း မပြုရန် အလေးအနက် အသိပေးလိုက်သည်ဟု ဖေါ်ပြထားသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment