ခြင့္ျပဳခ်က္မရွိဘဲ ယာဥ္ရပ္နားရန္ ေနရာဦးသည့္ ပစၥည္းမ်ားထားရွိပါက ေငြဒဏ္က်ပ္(၁)သိန္းမွ က်ပ္(၅)သိန္းအထိ ခ်မွတ္နိုင္

ရန္ကုန္ၿမိဳ႕ ၿမိဳ႕လယ္ေကာင္ရွိ လမ္းမႀကီး၊ အမည္တပ္လမ္းႏွင့္ နံပါတ္တပ္ လမ္းမ်ားေပၚတြင္ ခြင့္ျပဳခ်က္မရွိဘဲ ယာဥ္ရပ္နားရန္ ေနရာဦးသည့္ ပစၥည္းမ်ား ထားရွိပါက ေငြဒဏ္က်ပ္(၁)သိန္းမွ က်ပ္(၅)သိန္းအထိ ခ်မွတ္နိုင္ေၾကာင္း သိရသည္။
 
၂၀၁၈ခုႏွစ္၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးဥပေဒ၏ လမ္း၊တံတား၊ စႀကႍႏွင့္ ေရေျမာင္းမ်ားဆိုင္ရာ တားျမစ္ခ်က္မ်ား ပုဒ္မ(၃၁၅)၊ ပုဒ္မခြဲ(စ)တြင္ “မည္သူမၽွ ေကာ္မတီ ၏ ခြင့္ျပဳခ်က္မရွိဘဲ အမ်ားျပည္သူဆိုင္ရာ လမ္း၊စၾကၤ ံအေပၚတြင္ ကုန္ပစၥည္း၊ ေဆာက္လုပ္ေရးပစၥည္း၊ အိမ္ေထာင္ပရိေဘာဂ၊ ပစၥည္းမ်ားစုပုံျခင္း၊ ေရာင္းခ်ျခင္း၊ ခင္းက်င္းျခင္း၊ ျပဳျပင္မြမ္းမံျခင္း၊ ထားရွိျခင္း မျပဳရ”ဟု ျပ႒ာန္းထားၿပီး ျပစ္ဒဏ္မ်ားအျဖစ္ ပထမအႀကိမ္ က်ဴးလြန္မႈအတြက္ ေငြဒဏ္က်ပ္(၁)သိန္းမွ က်ပ္(၅)သိန္း အထိ ခ်မွတ္နိုင္ၿပီး ဆက္လက္ ေဖာက္ဖ်က္က်ဴးလြန္ပါက ေထာင္ဒဏ္ (၃)လအထိ ခ်မွတ္နိုင္ေၾကာင္း၊ ပုဒ္မ(၃၁၅)၊ ပုဒ္မခြဲ(ဎ)တြင္ “မည္သူမၽွ ၿမိဳ႕ေတာ္ နယ္နိမိတ္အတြင္း အမ်ားျပည္သူဆိုင္ရာ လမ္းေပၚတြင္ ယာဥ္သြားလာျခင္း၊ ရပ္နားျခင္း ကို အေႏွာင့္အယွက္ျဖစ္ေစသည့္ အတားအဆီးမျပဳရ” ဟု ျပ႒ာန္းထားၿပီး ျပစ္ဒဏ္မ်ားအျဖစ္ ပထမအႀကိမ္ က်ဴးလြန္မႈအတြက္ ေငြဒဏ္က်ပ္(၁)သိန္းမွ က်ပ္(၅)သိန္း အထိ ခ်မွတ္နိုင္ၿပီး ဆက္လက္ ေဖာက္ဖ်က္က်ဴးလြန္ပါက ေထာင္ဒဏ္ (၃)လ အထိ ခ်မွတ္နိုင္ေၾကာင္း ျပ႒ာန္းထားသည္။
 
ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီမ်ားအေနျဖင့္ ၿမိဳ႕လယ္ေကာင္ရွိ လမ္းမႀကီး၊ အမည္တပ္လမ္းႏွင့္ နံပါတ္တပ္လမ္းမ်ားေပၚတြင္ရွိေသာ အတားအဆီးမ်ားအား ခရိုင္လွည့္ရွင္းယာဥ္ Faw ကားမ်ားျဖင့္ သိမ္းဆည္း ေဆာင္ရြက္လ်က္ရွိပါေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးကေျပာသည္။
 
ဇန္န၀ါရီ ၂၂ရက္က က်င္းပျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေ၀းတြင္ ဆိပ္ကမ္းၿမိဳ႕နယ္ ၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္၏ ၿမိဳ႕လယ္ေကာင္ရွိ လမ္းမႀကီး၊ အမည္တပ္လမ္းႏွင့္ နံပါတ္တပ္လမ္းမမ်ားေပၚတြင္ ရွိေနေသာ အတားအဆီးမ်ားကို မည္ကဲ့သို႔ စီမံေဆာင္ရြက္ေပးမည္ကို သိရွိလိုေၾကာင္း ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာတြင္ ယင္းသို႕ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
 
“ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီမ်ားအေနျဖင့္ ၿမိဳ႕လယ္ေကာင္ရွိ လမ္းမႀကီး၊ အမည္တပ္လမ္းႏွင့္ နံပါတ္တပ္ လမ္းမ်ားေပၚတြင္ရွိေသာ အတားအဆီးမ်ားအား စဥ္ဆက္မျပတ္ စစ္ေဆးလ်က္ရွိၿပီး စိစစ္ေတြ႕ရွိပါက ခရိုင္၊ၿမိဳ႕နယ္စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမႉး႐ုံးက ခရိုင္လွည့္ရွင္းယာဥ္ Faw ကားမ်ားျဖင့္ ယာဥ္ရပ္နားရန္ ေနရာဦးသည့္ ပစၥည္းမ်ား၊ အတားအဆီးမ်ားကို သိမ္းဆည္း ေဆာင္ရြက္လ်က္ ရွိပါတယ္။”ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ျပန္လည္ေျဖၾကားခဲ့သည္။
 
The Ladies News
#Unicode
ခွင့်ပြုချက်မရှိဘဲ ယာဉ်ရပ်နားရန် နေရာဦးသည့် ပစ္စည်းများထားရှိပါက ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်းအထိ ချမှတ်နိုင်
--- --- ---
 
ရန်ကုန်မြို့ မြို့လယ်ကောင်ရှိ လမ်းမကြီး၊ အမည်တပ်လမ်းနှင့် နံပါတ်တပ် လမ်းများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ယာဉ်ရပ်နားရန် နေရာဦးသည့် ပစ္စည်းများ ထားရှိပါက ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်းအထိ ချမှတ်နိုင်ကြောင်း သိရသည်။
 
၂၀၁၈ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ၏ လမ်း၊တံတား၊ စင်္ကြံနှင့် ရေမြောင်းများဆိုင်ရာ တားမြစ်ချက်များ ပုဒ်မ(၃၁၅)၊ ပုဒ်မခွဲ(စ)တွင် “မည်သူမျှ ကော်မတီ ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း၊စင်္ကြ ံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထားရှိခြင်း မပြုရ”ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်း အထိ ချမှတ်နိုင်ပြီး ဆက်လက် ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် (၃)လအထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ(၃၁၅)၊ ပုဒ်မခွဲ(ဎ)တွင် “မည်သူမျှ မြို့တော် နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်း ကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီးမပြုရ” ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်း အထိ ချမှတ်နိုင်ပြီး ဆက်လက် ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် (၃)လ အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
 
မြို့နယ်စည်ပင်သာယာရေး ကော်မတီများအနေဖြင့် မြို့လယ်ကောင်ရှိ လမ်းမကြီး၊ အမည်တပ်လမ်းနှင့် နံပါတ်တပ်လမ်းများပေါ်တွင်ရှိသော အတားအဆီးများအား ခရိုင်လှည့်ရှင်းယာဉ် Faw ကားများဖြင့် သိမ်းဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
 
ဇန်နဝါရီ ၂၂ရက်က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဆိပ်ကမ်းမြို့နယ် ၊ လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၏ မြို့လယ်ကောင်ရှိ လမ်းမကြီး၊ အမည်တပ်လမ်းနှင့် နံပါတ်တပ်လမ်းမများပေါ်တွင် ရှိနေသော အတားအဆီးများကို မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
 
“မြို့နယ်စည်ပင်သာယာရေး ကော်မတီများအနေဖြင့် မြို့လယ်ကောင်ရှိ လမ်းမကြီး၊ အမည်တပ်လမ်းနှင့် နံပါတ်တပ် လမ်းများပေါ်တွင်ရှိသော အတားအဆီးများအား စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိပြီး စိစစ်တွေ့ရှိပါက ခရိုင်၊မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးက ခရိုင်လှည့်ရှင်းယာဉ် Faw ကားများဖြင့် ယာဉ်ရပ်နားရန် နေရာဦးသည့် ပစ္စည်းများ၊ အတားအဆီးများကို သိမ်းဆည်း ဆောင်ရွက်လျက် ရှိပါတယ်။”ဟု ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့သည်။
 
The Ladies News


 

 

Vote: 
No votes yet

Add new comment