တပ္မေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္မ်ားၾကား သေဘာထား ကြဲလြဲမႈျဖစ္တုိင္း အစိုးရက ၾကား၀င္ေစ့စပ္သူအျဖစ္ မရပ္တည္နိုင္ခဲ့ ဟုဆို

တပ္မေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔မ်ားၾကား သဘာထား ကြဲလြဲမႈမ်ားျဖစ္တိုင္း အစိုးရအေနျဖင့္ ၾကား၀င္ေစ့စပ္သူအျဖစ္ မရပ္တည္နိုင္ခဲ့ေၾကာင္း မြန္ညီညြတ္ေရးပါတီ မွ တြဲဖက္အေထြေထြ အတြင္းေရးမွဴး (၁) ျဖစ္သူ နုိင္လယိတမက ေျပာၾကားသည္။
 
ဇန္န၀ါရီလ ၂၁ ရက္ေန႔က ရန္ကုန္ျမိဳ့ရွိ Summit Parkview Hotel ၌ ျပဳလုပ္ခဲ့ေသာ ျမန္မာျငိမ္းခ်မ္းေရး တည္ေဆာက္မႈ ျဖစ္စဥ္အေပၚ သံုးသပ္ေဆြးေႏြးပြဲ အျပီး သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကား ခဲ့ျခင္းျဖစ္သည္။
 
ျငိမ္းခ်မ္းေရးျဖစ္စဥ္မ်ား တစ္ဆို႔ရျခင္း၏ အဓိကအေျခခံ အက်ဆံုး အခ်က္မွာ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားတြင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းအားလံုး ပါ၀င္လာနိုင္မႈ မရွိေသးျခင္း ျဖစ္ေၾကာင္း၊ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႔အစည္း အားလံုး ပါ၀င္လာနိုင္ရန္အတြက္ ပထမအဆင့္ အေနျဖင့္ အပစ္ရပ္ရန္ လိုသည္ဟု ဆိုသည္။
 
တပ္မေတာ္ဘက္ကေရာ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႔မ်ား ဘက္ကေရာ နိုင္ငံေရးျပႆနာကို အင္းအားသံုးျပီး ေျဖရွင္းမည္ဆိုပါက အေျဖကမရနိုင္ေၾကာင္း၊ နိုင္ငံေရးျပႆနာကို အျပန္အလွန္ ေတြ႔ဆံုေဆြးေႏြးျခင္းျဖင့္ အေျဖရွာၾကမည္ဆိုသည့္ ခံယူခ်က္ရွိလ်င္ အဓိက အပစ္ရပ္ရန္လိုသည္ဟု ၄င္းကေျပာၾကားသည္။
 
နိုင္လယိတမက `အပစ္ရပ္တဲ့ေနရာမွာ အပစ္ရပ္ၾကဖို႔သာ အဓိက က်တယ္။ ဘယ္အပစ္ရပ္စာခ်ဳပ္နဲ႔ အပစ္ရပ္ၾကမလဲ ဆိုတာက အဓိကမက်ဘူးလို႔ ကၽြန္ေတာ္တို႔ ျမင္ၾကတယ္။ လက္နက္ကိုင္ အဖဲြ႔အစည္းအားလံုးနဲ႔ တပ္မေတာ္နဲ႔ အားလံုး အပစ္ရပ္နိုင္ဖို႔ ကေတာ့ NCA စာခ်ဳပ္ တစ္ခုတည္းကိုပဲ အေသစြဲကိုင္ျပီးေတာ့ အပစ္ရပ္ၾကမယ္ ဆိုတဲ့ ရပ္တည္ခ်က္ကေတာ့ ဒီကေန႔အထိ အားလံုး အပစ္မရပ္နိုင္ၾကေ သးဘူး။ ဒါေၾကာင့္မို႔လို႔ အပစ္ရပ္တဲ့အခါမွာ NCA တစ္ခုထဲကိုပဲ အေသမစြဲကိုင္ဘဲနဲ႔ Bilateral နဲ႔ အပစ္ရပ္ၾကရင္ေရာ နိုင္ငံေရး ေဆြးေႏြးပြဲကို တက္ဖို႔ မျဖစ္နိုင္ဘူးလား။ ဒီတစ္ခု ကၽြန္ေတာ္တို႔ သံုးသပ္ျဖစ္ၾကတယ္` ဟု ေျပာၾကားသည္။
 
ျပီးခဲ့သည့္ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ အေတြ႔အၾကံဳအရ သေဘာထား ကြဲလြဲမႈမ်ားသည္ တပ္မေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းၾကားတြင္ အျဖစ္မ်ားျပီး ၄င္းအဖြဲ႔အစည္းႏွစ္ခုသည္ ေဆြးေႏြးပြဲ၏ အဓိက အင္အားစုမ်ားျဖစ္သည္ဟု ၄င္းကဆုိသည္။
 
`ေဆြးေႏြးပြဲ၊ ေဆြးေႏြးပြဲတိုင္းမွာ တစ္ဆို႔မႈေတြ ျဖစ္တဲ့အခါက်ေတာ့ ျပႆနာေတြကို ကၽြန္ေတာ္တုိ႔က ေနာက္ခ်န္ထားခဲ့ရတယ္။ ဒါေတြက အေျဖရွာလို႔ မရေသးဘူး။ ဒါေတြကို ခ်န္ထားဦးမယ္။ လြယ္တာကပဲ စျပီးေျပာၾကရေအာင္ ဆိုျပီးေတာ့ ေဆြးေႏြး ပြဲေတြက ဘယ္လိုေျပာမလဲ အဓိကက်တဲ့ ျပႆနာရဲ႕အျဖကို ရွာတာထက္။ ျပႆနာကို ေရွာင္လြဲေန တဲ့ သေဘာေတြရွိတယ္` ဟု နိုင္လယိတမက ေျပာၾကားသည္။
 
ဆက္လက္၍ နိုင္လယိမတက `ေနာက္တစ္ခု အစိုးရရဲ႕ အခန္းက႑။ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႔ၾကားမွာ သေဘာထား ကြဲလြဲမႈ ျဖစ္တိုင္းျဖစ္တိုင္းမွာ အစိုးရအေနနဲ႔ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အင္းအားစုၾကားမွာ ၾကား၀င္ ေစ့စပ္ေပးသူအျဖစ္ မရပ္တည္နိုင္ခဲ့ဘူး` ဟု ေျပာၾကားသည္။
 
က်င္းပျပီးစီးခဲ့သည့္ ျပည္ေထာင္စုျငိမ္းခ်မ္းေရး ၂၁-ရာစုပင္လံု ဒုတိယအၾကိမ္ႏွင့္ တတိယအၾကိမ္ အစည္းအေ၀းမ်ား အျပီးတြင္ အခ်က္ေပါင္း ၅၁ ခ်က္ကို ျပည္ေထာင္စု သေဘာတူစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုနိုင္ခဲ့သည္။
 
သို႔ေသာ္ အဆိုပါအခ်က္မ်ားထဲတြင္ ဖက္ဒရယ္ႏွင့္ ပတ္သက္သည့္ အေျခခံမႈမ်ားပါ၀င္ျခင္း မရွိေၾကာင္း ေ၀ဖန္မႈမ်ားလည္း ရွိခဲ့သည္။
 
ဇန္န၀ါရီလ ၈ ရက္ေန႔က က်င္းပခဲ့သည့္ တစ္နိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ ေဖၚမႈဆိုင္ရာ ညွိႏႈိင္းအစည္းအေ၀း (JICM) တြင္ လာမည့္ ၂၁-ရာစု ပင္လံုအစည္းအေ၀း၌ ခ်ဳပ္ဆိုမည့္ ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္အပိုင္း (၃) တြင္ ဖက္ဒရယ္အေျခခံမူမ်ား ထည့္သြင္းနိုင္ေရးကို ေဆြးေႏြးမည္ဟု ဆံုးျဖတ္ခ်က္ခ်ခဲ့သည္။
 
ေအာင္ရဲေနာင္
The Ladies News
#Unicode
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား သဘောထား ကွဲလွဲမှုဖြစ်တိုင်း အစိုးရက ကြားဝင်စေ့စပ်သူအဖြစ် မရပ်တည်နိုင်ခဲ့ ဟုဆို
--- --- ---
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား သဘာထား ကွဲလွဲမှုများဖြစ်တိုင်း အစိုးရအနေဖြင့် ကြားဝင်စေ့စပ်သူအဖြစ် မရပ်တည်နိုင်ခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ နိုင်လယိတမက ပြောကြားသည်။
 
ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ပြုလုပ်ခဲ့သော မြန်မာငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
 
ငြိမ်းချမ်းရေးဖြစ်စဉ်များ တစ်ဆို့ရခြင်း၏ အဓိကအခြေခံ အကျဆုံး အချက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လာနိုင်မှု မရှိသေးခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်လာနိုင်ရန်အတွက် ပထမအဆင့် အနေဖြင့် အပစ်ရပ်ရန် လိုသည်ဟု ဆိုသည်။
 
တပ်မတော်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘက်ကရော နိုင်ငံရေးပြဿနာကို အင်းအားသုံးပြီး ဖြေရှင်းမည်ဆိုပါက အဖြေကမရနိုင်ကြောင်း၊ နိုင်ငံရေးပြဿနာကို အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြမည်ဆိုသည့် ခံယူချက်ရှိလျင် အဓိက အပစ်ရပ်ရန်လိုသည်ဟု ၄င်းကပြောကြားသည်။
 
နိုင်လယိတမက `အပစ်ရပ်တဲ့နေရာမှာ အပစ်ရပ်ကြဖို့သာ အဓိက ကျတယ်။ ဘယ်အပစ်ရပ်စာချုပ်နဲ့ အပစ်ရပ်ကြမလဲ ဆိုတာက အဓိကမကျဘူးလို့ ကျွန်တော်တို့ မြင်ကြတယ်။ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ တပ်မတော်နဲ့ အားလုံး အပစ်ရပ်နိုင်ဖို့ ကတော့ NCA စာချုပ် တစ်ခုတည်းကိုပဲ အသေစွဲကိုင်ပြီးတော့ အပစ်ရပ်ကြမယ် ဆိုတဲ့ ရပ်တည်ချက်ကတော့ ဒီကနေ့အထိ အားလုံး အပစ်မရပ်နိုင်ကြေ သးဘူး။ ဒါကြောင့်မို့လို့ အပစ်ရပ်တဲ့အခါမှာ NCA တစ်ခုထဲကိုပဲ အသေမစွဲကိုင်ဘဲနဲ့ Bilateral နဲ့ အပစ်ရပ်ကြရင်ရော နိုင်ငံရေး ဆွေးနွေးပွဲကို တက်ဖို့ မဖြစ်နိုင်ဘူးလား။ ဒီတစ်ခု ကျွန်တော်တို့ သုံးသပ်ဖြစ်ကြတယ်` ဟု ပြောကြားသည်။
 
ပြီးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံအရ သဘောထား ကွဲလွဲမှုများသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြားတွင် အဖြစ်များပြီး ၄င်းအဖွဲ့အစည်းနှစ်ခုသည် ဆွေးနွေးပွဲ၏ အဓိက အင်အားစုများဖြစ်သည်ဟု ၄င်းကဆိုသည်။
 
`ဆွေးနွေးပွဲ၊ ဆွေးနွေးပွဲတိုင်းမှာ တစ်ဆို့မှုတွေ ဖြစ်တဲ့အခါကျတော့ ပြဿနာတွေကို ကျွန်တော်တို့က နောက်ချန်ထားခဲ့ရတယ်။ ဒါတွေက အဖြေရှာလို့ မရသေးဘူး။ ဒါတွေကို ချန်ထားဦးမယ်။ လွယ်တာကပဲ စပြီးပြောကြရအောင် ဆိုပြီးတော့ ဆွေးနွေး ပွဲတွေက ဘယ်လိုပြောမလဲ အဓိကကျတဲ့ ပြဿနာရဲ့အဖြကို ရှာတာထက်။ ပြဿနာကို ရှောင်လွဲနေ တဲ့ သဘောတွေရှိတယ်` ဟု နိုင်လယိတမက ပြောကြားသည်။
 
ဆက်လက်၍ နိုင်လယိမတက `နောက်တစ်ခု အစိုးရရဲ့ အခန်းကဏ္ဍ။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြားမှာ သဘောထား ကွဲလွဲမှု ဖြစ်တိုင်းဖြစ်တိုင်းမှာ အစိုးရအနေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်းအားစုကြားမှာ ကြားဝင် စေ့စပ်ပေးသူအဖြစ် မရပ်တည်နိုင်ခဲ့ဘူး` ဟု ပြောကြားသည်။
 
ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁-ရာစုပင်လုံ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အစည်းအဝေးများ အပြီးတွင် အချက်ပေါင်း ၅၁ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆိုနိုင်ခဲ့သည်။
 
သို့သော် အဆိုပါအချက်များထဲတွင် ဖက်ဒရယ်နှင့် ပတ်သက်သည့် အခြေခံမှုများပါဝင်ခြင်း မရှိကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။
 
ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် လာမည့် ၂၁-ရာစု ပင်လုံအစည်းအဝေး၌ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူ စာချုပ်အပိုင်း (၃) တွင် ဖက်ဒရယ်အခြေခံမူများ ထည့်သွင်းနိုင်ရေးကို ဆွေးနွေးမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment