တစ္ကမၻာလံုးသို ့ ဝူဟန္အဆုတ္ေယာင္ ဗိုင္းရပ္စ္ ကူးစက္ပ်ံ ့ႏွံ ့ႏိုင္ဟု WHO သတိေပးညႊန္ၾကားထား

တရုတ္ႏိုင္ငံမွ စတင္ျဖစ္ပြားလာသည့္ ထူးဆန္းသည့္ ဗိုင္းရပ္စ္မွာ ကမၻာတစ္ဝန္းသို ့ပ်ံ  ့ႏွံ ့ႏိုင္ေျခရွိေနျခင္းႏွင့္အတူ တစ္ကမ႓ာလံုးမွ ေဆးရံုမ်ားအေနျဖင့္ ၾကိဳတင္ျပင္ဆင္ ထားရန္လိုအပ္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ ့ WHO မွ ေျပာၾကားလိုက္ျပီဟု  ျဗိတိန္မွ Daily Mail သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။

အဆိုပါ ဗိုင္းရပ္စ္ကို ယခင္က ျမင္ေတြ ့ခဲ့ဖူးျခင္းမရွိေပ။ ။ဓါတ္ခြဲစမ္းသပ္မွုမ်ားအရ ေကာ္ရိုနာဗိုင္းရပ္စ္ အမ်ိဳးအစားႏွင့္ ဆင္တူသည္ဟုလည္း ဆိုသည္။ မူလက တိရိစၧန္မ်ားမွ တစ္ဆင့္ကူးစက္ျခင္းျဖစ္သည္ဟု ယူဆခဲ့ၾကေသာ္လည္း ယခုအခါ လူမွ လူအခ်င္းခ်င္းကူးစက္သည့္ သက္ေသမ်ားကို ေတြ ့ရွိထားျပီးျဖစ္သည္ဟုလည္း WHO ၏ အဆိုအရသိရသည္။

အဆိုပါဗိုင္းရပ္စ္မွာ တရုတ္ႏိုင္ငံဝူဟန္ျမိဳ  ့တြင္ ဒီဇင္ ဘာလမွစ၍ ျဖစ္ပြားခဲ့ျခင္းျဖစ္ျပီး ယခုအခါ တရုတ္ႏိုင္ငံအတြင္း၌ လူေပါင္း ၄၁ ဦးဗိုင္းရပ္စ္ရွိေနျပီဟု သိရသည္။ ဗိုင္းရပ္စ္ ကူးစက္ထားသူလူနာမ်ားထဲမွ ၁ ဦးမွာ အဆုတ္ေယာင္မွု ့ျဖင့္ ေသဆံုးသြားခဲ့သည္။

တရုတ္ႏိုင္ငံျပင္ပတြင္ ပထမဆံုးျဖစ္ပြားမွု ့အျဖစ္ ျပီးခဲ့သည့္သီတင္းပတ္အတြင္းက ထိုင္းႏိုင္ငံတြင္ အဆိုပါဗိုင္းရပ္စ္ကူးစက္ထားသည့္ အမ်ိဳးသမီး ၁ ဦးကိုေတြ ့ရွိခဲ့ရာ ႏိုင္ငံျဖတ္ေက်ာ္ ကူးစက္ႏိုင္မွုကို စိုးရိမ္လာၾကျခင္းျဖစ္သည္။ အဆိုပါအမ်ိဳးသမီးမွာ အသက္ ၆၁ ႏွစ္ ရွိ တရုတ္ႏိုင္ငံသူျဖစ္ျပီး ထိုင္းႏိုင္ငံသို ့လာေရာက္ လည္ပတ္စဥ္ ဗိုင္းရပ္စ္ရွိေနသည္ကို ေလဆိပ္၌ စစ္ေဆးေတြ ့ရွိခဲ့ျခင္းျဖစ္သည္။ ယခုအခါ အဆိုပါ အမ်ိဳးသမီး၏ က်န္းမာေရးအေျခအေန ျပန္ေကာင္းလာျပီဟုလည္း သိရသည္။

WHO ၌ ေပၚထြက္လာသည့္ေရာဂါမ်ားဆိုင္ရာ ဌာနအၾကီးအကဲအျဖစ္ တာဝန္ယူ ထားသည့္ ေဒါက္တာ Maria Van Kerkhove က ေရာဂါကူးစက္ပ်ံ  ့ႏွံ ့မွုကို ထိန္းခ်ဳပ္ႏိုင္ရန္ တစ္ကမ႓ာလံုးမွ ေဆးရံုမ်ားသို ့ လမ္းညႊန္မွု ့မ်ားေပးထားျပီး ျဖစ္သည္ဟု ဆိုသည္။ အဆိုပါလမ္းညႊန္မွုတြင္ ဖ်ားနာသူအနည္းငယ္က တစ္ခ်ိန္
တည္းမွာပင္ လူေပါင္းဒါဇင္ခ်ီ၍ ကူးစက္သြားေစႏိုင္ သည့္ အၾကီးအက်ယ္ပ်ံ  ့ႏွံ ့မွု ့ဆိုေသာ သတိေပးမွုလည္း ပါဝင္သည္ဟု သိရသည္။ အဆိုပါဗိုင္းရပ္စ္ကို WHO က ေစာင့္ၾကည့္ေနသလို ပ်ံ  ့ႏွံ ့လာႏိုင္သည့္အတြက္ ကိုယ္တိုင္ျပင္ဆင္ထားၾကရန္လည္း  ေဒါက္တာ Maria Van Kerkhove ကေျပာၾကားသည္။

ဝူဟန္တြင္ ျဖစ္ပြားေနသည့္ အဆိုပါဗိုင္းရပ္စ္ မကူးစက္လာေစရန္ ရန္ကုန္ႏွင့္ မႏၱေလးေလဆိပ္မ်ားတြင္ တရုတ္ႏိုင္ငံမွ ဝင္ေရာက္လာသည့္ တရုတ္ခရီးသည္ မ်ားကို ပိုမိုေစာင့္ၾကည့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

The Ladies News
#zawgyi

တစ်ကမ္ဘာလုံးသို ့ ဝူဟန်အဆုတ်ယောင် ဗိုင်းရပ်စ် ကူးစက်ပျံ  ့နှံ ့နိုင်ဟု WHO သတိပေးညွှန်ကြားထား
---              ---                  ---

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာသည့် ထူးဆန်းသည့် ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို ့ပျံ  ့နှံ ့နိုင်ခြေရှိနေခြင်းနှင့်အတူ တစ်ကမ႓ာလုံးမှ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ ့ WHO မှ ပြောကြားလိုက်ပြီဟု  ဗြိတိန်မှ Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်ကို ယခင်က မြင်တွေ ့ခဲ့ဖူးခြင်းမရှိပေ။ ။ဓါတ်ခွဲစမ်းသပ်မှုများအရ ကော်ရိုနာဗိုင်းရပ်စ် အမျိုးအစားနှင့် ဆင်တူသည်ဟုလည်း ဆိုသည်။ မူလက တိရိစ္ဆန်များမှ တစ်ဆင့်ကူးစက်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယခုအခါ လူမှ လူအချင်းချင်းကူးစက်သည့် သက်သေများကို တွေ ့ရှိထားပြီးဖြစ်သည်ဟုလည်း WHO ၏ အဆိုအရသိရသည်။

အဆိုပါဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံဝူဟန်မြို  ့တွင် ဒီဇင် ဘာလမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်း၌ လူပေါင်း ၄၁ ဦးဗိုင်းရပ်စ်ရှိနေပြီဟု သိရသည်။ ဗိုင်းရပ်စ် ကူးစက်ထားသူလူနာများထဲမှ ၁ ဦးမှာ အဆုတ်ယောင်မှု ့ဖြင့် သေဆုံးသွားခဲ့သည်။

တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးဖြစ်ပွားမှု ့အဖြစ် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ထိုင်းနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ်ကူးစက်ထားသည့် အမျိုးသမီး ၁ ဦးကိုတွေ ့ရှိခဲ့ရာ နိုင်ငံဖြတ်ကျော် ကူးစက်နိုင်မှုကို စိုးရိမ်လာကြခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးမှာ အသက် ၆၁ နှစ် ရှိ တရုတ်နိုင်ငံသူဖြစ်ပြီး ထိုင်းနိုင်ငံသို ့လာရောက် လည်ပတ်စဉ် ဗိုင်းရပ်စ်ရှိနေသည်ကို လေဆိပ်၌ စစ်ဆေးတွေ ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ အမျိုးသမီး၏ ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာပြီဟုလည်း သိရသည်။

WHO ၌ ပေါ်ထွက်လာသည့်ရောဂါများဆိုင်ရာ ဌာနအကြီးအကဲအဖြစ် တာဝန်ယူ ထားသည့် ဒေါက်တာ Maria Van Kerkhove က ရောဂါကူးစက်ပျံ  ့နှံ ့မှုကို ထိန်းချုပ်နိုင်ရန် တစ်ကမ႓ာလုံးမှ ဆေးရုံများသို ့ လမ်းညွှန်မှု ့များပေးထားပြီး ဖြစ်သည်ဟု ဆိုသည်။ အဆိုပါလမ်းညွှန်မှုတွင် ဖျားနာသူအနည်းငယ်က တစ်ချိန်
တည်းမှာပင် လူပေါင်းဒါဇင်ချီ၍ ကူးစက်သွားစေနိုင် သည့် အကြီးအကျယ်ပျံ  ့နှံ ့မှု ့ဆိုသော သတိပေးမှုလည်း ပါဝင်သည်ဟု သိရသည်။ အဆိုပါဗိုင်းရပ်စ်ကို WHO က စောင့်ကြည့်နေသလို ပျံ  ့နှံ ့လာနိုင်သည့်အတွက် ကိုယ်တိုင်ပြင်ဆင်ထားကြရန်လည်း  ဒေါက်တာ Maria Van Kerkhove ကပြောကြားသည်။

ဝူဟန်တွင် ဖြစ်ပွားနေသည့် အဆိုပါဗိုင်းရပ်စ် မကူးစက်လာစေရန် ရန်ကုန်နှင့် မန္တလေးလေဆိပ်များတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် တရုတ်ခရီးသည် များကို ပိုမိုစောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

The Ladies News
#unicode

Vote: 
No votes yet

Add new comment