အမ်ိဳးသားက်န္းမာေရးမူဝါဒကို အျမန္ဆုံး ျပန္လည္ေရးဆြဲကာ ျပည္ေထာင္စုအစိုးရ အဖြဲ႕သို႔ တင္ျပအတည္ျပဳခ်က္ ရယူ ေဆာင္ရြက္သြားမည္

အမ်ိဳးသားက်န္းမာေရးမူဝါဒကို အျမန္ဆုံး ျပန္လည္ေရးဆြဲကာ ျပည္ေထာင္စု အစိုးရအဖြဲ႕သို႔ တင္ျပအတည္ျပဳခ်က္ ရယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ဒီဇင္ဘာ ၁၇ ရက္တြင္ ေျပာၾကားလိုက္သည္။
 
ျမန္မာနိုင္ငံ အမ်ိဳးသား က်န္းမာေရးမူဝါဒ ျပန္လည္ေရးဆြဲေရး အလုပ္႐ုံ ေဆြးေႏြးပြဲသို႕ တက္ေရာက္အမွာစကားေျပာၾကားစဥ္ ယင္းသို႕ေျပာဆိုခဲ့ျခင္းျဖစ္သည္။
 
ျမန္မာနိုင္ငံတြင္ ၁၉၉၃ ခုႏွစ္က ေခတ္ကာလအေျခအေန၊ က်န္းမာေရး အေျခအေနမ်ားႏွင့္အညီ ေရးဆြဲခဲ့ေသာ အမ်ိဳးသားက်န္းမာေရးမူဝါဒ ရွိခဲ့ပါေၾကာင္း၊ ယခုေျပာင္းလဲလာေသာ က်န္းမာေရး အေျခအေနမ်ား၊ ဘ႑ာေငြႏွင့္ ရန္ပုံေငြရရွိမႈ မ်ား၊ ေဆးပညာနည္းစနစ္မ်ား၊ စက္ပစၥည္း ကိရိယာမ်ား၊ က်န္းမာေရး လူ႔စြမ္းအား အရင္းအျမစ္အေျခအေနမ်ား၊ နိုင္ငံတကာတြင္ ျဖစ္ေပၚေျပာင္းလဲမႈမ်ား အပါအဝင္ ေခတ္ကာလ အေျခအေနအရပ္ရပ္ ႏွင့္ကိုက္ညီမႈရွိေအာင္ အမ်ိဳးသားက်န္းမာေရး မူဝါဒကို ျပန္လည္ေရးဆြဲသြားမည္ျဖစ္ေၾကာင္း ေဒါက္တာျမင့္ေထြးကေျပာသည္။
 
အမ်ိဳးသား က်န္းမာေရးမူဝါဒကို ျပန္လည္ေရးဆြဲရာတြင္ မူဝါဒ ဦးတည္ခ်က္၊ ရည္မွန္းခ်က္ ပန္းတိုင္၊ အေလးေပးေဆာင္ရြက္မည့္ လုပ္ငန္းမ႑ိဳင္၊ လမ္းေၾကာင္း ခ်ည္းကပ္မႈတို႔ႏွင့္အတူ လုပ္ငန္းမဟာ ဗ်ဴဟာ၊ လုပ္ငန္းမ်ားအေကာင္အထည္ေဖာ္မႈ မူေဘာင္၊ ပူးေပါင္း ေဆာင္ရြက္မႈ မူေဘာင္၊ လုပ္ငန္းမ်ားကို ေစာင့္ၾကပ္ၾကည့္ ရႈဆန္းစစ္မႈ စနစ္၊ သုေတသနျပဳလုပ္ ဆန္းစစ္မႈစနစ္၊ ခိုင္မာ တိက်ေသာ က်န္းမာေရး သတင္းအခ်က္အလက္ စနစ္ႏွင့္ ဘ႑ာေငြမ်ားကို အက်ိဳးေၾကာင္းဆီေလၽွာ္စြာ ခြဲေဝခ်ထားသုံးစြဲမႈစနစ္တို႔ ပါဝင္လာမည့္ အျပင္ ေရွ႕လာမည့္ ကာလမ်ားတြင္ ျဖစ္ေပၚလာနိုင္မည့္ က်န္းမာေရး အေျခအေနမ်ားကို ေမၽွာ္မွန္း၍ ထည့္သြင္း ေရးဆြဲၾကမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ အမ်ိဳးသားက်န္းမာေရးစီမံကိန္း (၂၀၁၇ - ၂၀၂၁) ကို လႊမ္းျခဳံခ်ိတ္ဆက္မိရန္ႏွင့္ ျမန္မာနိုင္ငံ စဥ္ဆက္မျပတ္ ဖြံ့ၿဖိဳးမႈပန္းတိုင္ စီမံကိန္း (၂၀၁၈ - ၂၀၃၀) တြင္ ပါဝင္ေသာ အေၾကာင္းအရာမ်ားကို မွီျငမ္းေဆာင္ရြက္ၾကရမည ျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာနရွိ က်န္းမာေရး စီမံခ်က္လုပ္ငန္းမ်ားမွ လုပ္ငန္းသေဘာတူညီ ခ်ိတ္ဆက္မႈရွိသည္မ်ားကို ေပါင္းစပ္ ခ်ိတ္ဆက္၍ ေဆာင္ရြက္ျခင္းျဖင့္ ဘ႑ာေငြ၊ လူ႔စြမ္းအားအရင္း အျမစ္မ်ားကို ပိုမိုအက်ိဳးရွိထိေရာက္စြာ အသုံးခ်ေဆာင္ရြက္ နိုင္မည္ျဖစ္ေၾကာင္း ေဒါက္တာျမင့္ေထြးက ဆက္လက္ေျပာၾကားခဲ့သည္။
 
The Ladies News
#Unicode
အမျိုးသားကျန်းမာရေးမူဝါဒကို အမြန်ဆုံး ပြန်လည်ရေးဆွဲကာ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူ ဆောင်ရွက်သွားမည်
--- --- ---
 
အမျိုးသားကျန်းမာရေးမူဝါဒကို အမြန်ဆုံး ပြန်လည်ရေးဆွဲကာ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
 
မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်က ခေတ်ကာလအခြေအနေ၊ ကျန်းမာရေး အခြေအနေများနှင့်အညီ ရေးဆွဲခဲ့သော အမျိုးသားကျန်းမာရေးမူဝါဒ ရှိခဲ့ပါကြောင်း၊ ယခုပြောင်းလဲလာသော ကျန်းမာရေး အခြေအနေများ၊ ဘဏ္ဍာငွေနှင့် ရန်ပုံငွေရရှိမှု များ၊ ဆေးပညာနည်းစနစ်များ၊ စက်ပစ္စည်း ကိရိယာများ၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်အခြေအနေများ၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲမှုများ အပါအဝင် ခေတ်ကာလ အခြေအနေအရပ်ရပ် နှင့်ကိုက်ညီမှုရှိအောင် အမျိုးသားကျန်းမာရေး မူဝါဒကို ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးကပြောသည်။
 
အမျိုးသား ကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲရာတွင် မူဝါဒ ဦးတည်ချက်၊ ရည်မှန်းချက် ပန်းတိုင်၊ အလေးပေးဆောင်ရွက်မည့် လုပ်ငန်းမဏ္ဍိုင်၊ လမ်းကြောင်း ချည်းကပ်မှုတို့နှင့်အတူ လုပ်ငန်းမဟာ ဗျူဟာ၊ လုပ်ငန်းများအကောင်အထည်ဖော်မှု မူဘောင်၊ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့် ရှုဆန်းစစ်မှု စနစ်၊ သုတေသနပြုလုပ် ဆန်းစစ်မှုစနစ်၊ ခိုင်မာ တိကျသော ကျန်းမာရေး သတင်းအချက်အလက် စနစ်နှင့် ဘဏ္ဍာငွေများကို အကျိုးကြောင်းဆီလျှော်စွာ ခွဲဝေချထားသုံးစွဲမှုစနစ်တို့ ပါဝင်လာမည့် အပြင် ရှေ့လာမည့် ကာလများတွင် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေး အခြေအနေများကို မျှော်မှန်း၍ ထည့်သွင်း ရေးဆွဲကြမည်ဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇ - ၂၀၂၁) ကို လွှမ်းခြုံချိတ်ဆက်မိရန်နှင့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် စီမံကိန်း (၂၀၁၈ - ၂၀၃၀) တွင် ပါဝင်သော အကြောင်းအရာများကို မှီငြမ်းဆောင်ရွက်ကြရမည ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ကျန်းမာရေး စီမံချက်လုပ်ငန်းများမှ လုပ်ငန်းသဘောတူညီ ချိတ်ဆက်မှုရှိသည်များကို ပေါင်းစပ် ချိတ်ဆက်၍ ဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာငွေ၊ လူ့စွမ်းအားအရင်း အမြစ်များကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News


 

 

Vote: 
No votes yet

Add new comment