နမ့်ခမ်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နမ့်ခမ်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
 
ဖြစ်စဉ်မှာ မေ ၁၃ ရက် ၁၂၀၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နမ့်ခမ်းမြို့အဝင်၊ နမ့်ခမ်း-မူဆယ်ကားလမ်းတွင် ရန်ရှီလုံ(ခ)အားလုံ မောင်းနှင်လာသည့် MITSUBISHI CANTER အမျိုးအစားမီးခိုးရောင် (၆)ဘီးမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ ဆလာအိတ် (၁၁၁)အိတ်ဖြင့်ထည့်ထားသည့် အက်စီတစ်အက်စစ် ၂,၇၅၀ ကီလို၊ အဖြူရောင်ပလတ်စတစ်ကော်ပုံး (၆၀)ပုံးဖြင့်ထည့်ထားသည့် အက်စီတစ်အက်စစ် ၉၆၀ လီတာ၊ အပြာရောင် ပလတ်စတစ်ကော်ပုံး (၉၀)ပုံးဖြင့်ထည့်ထားသည့် ဆာဖရိုးလ်အရည် ၁,၄၄၀ လီတာနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ယင်းအမှုနှင့်ပတ်သက်၍ ရန်ရှီလုံ(ခ)အားလုံ(၅၆)နှစ် အားမူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းလည်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment