လားရှိုးမြို့နယ်၌ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် သေနတ်(၄)လက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

လားရှိုးမြို့နယ်၌ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် သေနတ်(၄)လက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
 
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂၄) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများပါဝင် သော ပူးပေါင်းအဖွဲ့သည် မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက သက်သေများနှင့်အတူ ခဝါးသျှိအောက် ကျေးရွာနှင့် မန်ပျဉ်ကျေးရွာကြား၊ လားရှိုး-တန့်ယန်းကားလမ်း မိုင်တိုင်(၅/၇)အနီး၌ ရှာဖွေစစ်ဆေး ခြင်း လုပ်ငန်းများဆောင်ရွက်နေစဉ် တန့်ယန်းမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ တန့်ယန်း မြို့နေ အိုက်ဝင်း(၂၅)နှစ်မောင်းနှင်လာသည့် 5L/×××× Nissan ယာဉ်မှာ စစ်ဆေးနေသည့် နေရာသို့ မရောက်မီ ကိုက် (၅၀)ခန့်အကွာတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည်ကို တွေ့ရှိရ၍ သွားရောက်စစ် ဆေးခဲ့ရာ ယာဉ်ပေါ်ပါ ကျား(၄)ဦးအနက် အိုက်ဝင်းပါ(၂)ဦးမှာ ထွက်ပြေးသွားပြီး နမ့်ခမ်းမြို့၊ ဝိန်းဆာ ရပ်ကွက်နေ စိုင်းခမ်းကျော်(၃၈)နှစ်နှင့် တန့်ယန်းမြို့နယ်၊ ပုံဟောင်ခူးကျေးရွာနေ စိုင်းလှရွှေ(၁၉)နှစ်တို့ (၂)ဦးအား မသင်္ကာဖွယ်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
 
ထို့နောက် ပူးပေါင်းအဖွဲ့က ယာဉ်အား ရှာဖွေခဲ့ရာ ယာဉ်အတွင်း သိုဝှက် သယ်ဆောင်လာသော Austria နိုင်ငံထုတ် ပစ္စတိုသေနတ်(၃)လက်၊ ၎င်းကျည်အိမ်(၆)ခု၊ အီတလီနိုင်ငံထုတ်(.22) သေနတ် အရှည်(၁)လက်၊ ၎င်းကျည်အိမ်(၂)ခု၊ စနိုက်ပါမှန်ပြောင်း(၂)ခု၊ ပွိုင့်(၂၂)ကျည်(၇၅၀) တောင့်၊ ပွိုင့်(၂၂) သေနတ်အတို ကျည်အိမ်(၂)ခု၊ သေနတ်နှင့် စနိုက်ပါမှန်ပြောင်းချိတ်ဆက်သည့် သံကွင်း(၄)ခု၊ ကျည်အိမ်ထည့် ကော်စွတ်(၁)ခု၊ စနိုက်ပါဖြုတ်/တပ်သည့် L Key သေး(၁)ခု၊ လက် ကိုင်ဖုန်း(၂)လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် လားရှိုးမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေး ယူထားကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်သွားသူ အိုက်ဝင်းပါ(၂)ဦးအားဖမ်းဆီး ရမိရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
Credit - ရဲဇာနည်
The Ladies News

 

Vote: 
No votes yet

Add new comment