ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 
မေလ ၆ ရက်နေ့ ၂၂၄၅ အချိန်တွင် တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေ များနှင့် အတူ တွံတေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာရှိ မသော်သော်(ခ)မသော်ခေအောင် ၃၃ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းနှင့်အတူ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ညောင်ဦးဖီးလမ်းနေ မနှင်းဝေလွင် ၂၅ နှစ်၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်နေ ကျော်ကို ၂၅ နှစ်တို့အား တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်း ရှိ လက်ကိုင်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၁ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၆.၂၇၅ သိန်း)၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တွံတေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
 
Credit - CCDAC
The Ladies News

 

Vote: 
No votes yet

Add new comment