လက်ထပ်ပွဲမှာ ၇၅ ပေခန့်ရှည်လျားတဲ့ သတို့သမီးဝတ်စုံကို ၀တ်ဆင်ခဲ့တဲ့ ဘောလိဝုဒ်မင်းသမီး Priyanka Chopra

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က အမေရိကန် အဆိုတော် nick Jonas နှင့် တရားဝင် လက်ထပ်ခဲ့သည့် ဘောလိဝုဒ် သရုပ်ဆောင် မင်းသမီး Priyanka Chopra သည် အဆိုပါ နေ့တွင် သူမ ၀က်ဆင်ခဲ့သည့် သတို့သမီးဝတ်စုံ နှင့် လက်ထပ်ပွဲ ကျင်းပပြုလုပ် ပုံကို ယနေ့တွင် သူမ၏ လူမှုကွန်ယက် အင်စတာဂရမ်တွင် တင်ထားခဲ့သည်။ အဆိုပါ ၀တ်စုံကို နာမည်ကြီး ဒီဇိုင်းကုမ္ပဏီ ဖြစ်သည့် Ralph Lauren မှ ဖန်တီးပေးထားခြင်းဖြစ်ပြီး ထိုဝတ်စုံကို အင်တာနက်ပေါ်တွင် မြင်တွေ့ရပြီးနောက် ပရိသတ်အချို့သည် ခိုင်းနှိုင်းပြောဆိုမှုအချို့လည်း ပြုလုပ်ခဲ့ကြသည်။
 
မီဒီယာအချို့၏ ရေးသားဖော်ပြချက်အရ သူမ၏ ၀တ်စုံသည် ၇၅ ပေခန့် ရှည်လျားကြောင်းသိရပြီး သူမတို့ ၂ ဦးသည် ၂၀၁၆ ခုနှစ် ကတည်းက လူမှုကွန်ယက်ပေါ်တွင် စတင်ရင်းနှီးခဲ့ကြသူများ ဖြစ်ကြောင်းလည်းသိရသည်။
 
Chopra သည် ဘောလိဝုဒ်၏ နာမည်ကျော်ကြားသည့် သရုပ်ဆောင်မင်းသမီး တစ်ဦးလည်းဖြစ်ပြီး အနုပညာကြေး အများဆုံး ရသည့် မင်းသမီးတစ်ဦးလည်း ဖြစ်သည်။ သူမသည် Miss World Pageant 2000 ဆုကိုလည်း သိမ်းပိုက်ထားသူဖြစ်ပြီး အိန္ဒိယဇာတ်ကားပေါင်း ၅၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသူ လည်း ဖြစ်သည်။ ထို့အပြင် သူမသည် အမေရိကန် ရုပ်သံဌာန တစ်ခုမှ ထုတ်လွှင့်ပြသသော Quantico Drama TV ဇာတ်လမ်း တွင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်များ၏ အားပေးမှုကို တခဲနက် ရရှိထားသူလည်းဖြစ်သည်။
 
Source: Times Now
The Ladies News
 

 

Vote: 
No votes yet

Add new comment