John Wick 3 ဇာတ်ကားကြီးကို ၂၀၁၉ ခုနှစ် မေလ ပိုင်းတွင် စတင်ကြည့်ရှုနိုင်တော့မည်

John Wick 3 ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးမှုမှာ ပြီးစီးသွားခဲ့ပြီဖြစ်ပြီး ၆ လအကြာတွင် ရုံတင်ပြသသွားတော့မည် ဖြစ်ကြောင်း သိရသည်။ မင်းသားကြီး Keanu Reeves အဓိက သရုပ်ဆောင်ထားသည့် John Wick အမည်ရ ဇာတ်ကားသည် ယခင်က john Wick I နှင့် II တို့ ထွက်ရှိထားပြီး ပရိသတ်အားပေးမှုကို တခဲနက်ရရှိထားသည့် အက်ရှင် အတိုက်အခိုက် ဇာတ်ကားကောင်းများ ဖြစ်သည်။
 
ယခု John Wick 3 ရိုက်ကူးမှု ပြီးစီးသွားကြောင်းသတင်းကို မင်းသားကြီး Keanu Reeves ၏ တွဲဖက်သရုပ်ဆောင် မင်းသမီး Halle Berry က ၄င်း၏ လူမှုကွန်ယက် အင်စတာဂရမ်တွင် ရေးသားဖော်ပြာထားခြင်းဖြစ်သည်။ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်သည့် Halle သည် သူမနှင့်အတူ အဆိုပါ ဇာတ်ကားကြီးကို ရုက်ကူးပုံဖော်ခဲ့ကြသည့် ရိုက်ကူးရေး အဖွဲ့ဝင်များနှင့် စတန့်အဖွဲ့တို့ကို ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။
 
ယခု ဇာတ်လမ်းတွင် Keanu Reeves (John) သည် ဒေါ်လာ ၁၄ သန်းတန် စာချုပ်တစ်ခုကို ဖောက်ဖျက် မိသောကြောင့် လူဆိုးဂိုဏ်းတစ်ခု၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး နယူးယောက်ခ်မြို့မှ ထွက်ခွာနိုင်ရန် ဒုက္ခများစွာရင်ဆိုင်ခဲ့ရပုံတို့ ကို အကြမ်းအရမ်း အက်ရှင်ဇာတ်လမ်းများဖြင့် ဖန်တီးပုံဖော်ထားသည်။
 
John Wick 3 ဇတ်ကားကြီးကို လာမည့် ၂၀၁၉ ခုနှစ် မေလ (၁၉) ရက်နေ့တွင် စတင်ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။
 
Source: ladbible
The Ladies News
 

 

Vote: 
No votes yet

Add new comment