တောင်ကြီးမြို့ တပ်မတော်ထောက်ခံပွဲကျင်းပ

တောင်ကြီးတန်ဆောင်တန် ရိုးရာမီးပုံပျံပွဲဖွင့်ပွဲကျင်းပမည့် ယနေ့ နိုဝင်ဘာ ၁၄ ရက်) တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်မည်ကို ကန့်ကွက်မှုများ ရှိခဲ့သော်လည်း အမျိုးသားလုံခြုံရေး လူမှုကွန်ယက် အဖွဲ့မှဦးဆောင်၍ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
 
တောင်ကြီးမြို့၊ မိန်းလမ်း မူလမင်းကွန်းကျောင်းရှေ့စုရပ်မှ စတင်ကာ လူဦးရေ ၅,၀၀၀ ကျော်ဖြင့် စီတန်းလည့်လည်ခဲ့ပြီး မိုးလုံလေလုံ အားကစားကွင်းတွင် ထောက်ခံဟောပြောပွဲ ဆက်လက် ကျင်းပခဲ့သည်။
 
ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး ပြည်ထောင်စုမှခွဲမထွက်ပဲ တန်းတူညီမျှပေါင်းစည်းညီညွတ်စွာဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး အပေါ် တပ်မတော်၏ ရည်တည်ချက်များအား ကြိုဆိုထောက်ခံပွဲဟု အမျိုးသားလုံခြုံမှုလူမှုကွန်ယက်ဗဟို အဖွဲ့မှဖြန့်ဝေသည့် တပ်မတော် ထောက်ခံပွဲဖိတ်စာတွင် ရှမ်း၊ မြန်မာ၊ ပအိုဝ်း စသည့် ဘာသာစကား သုံးမျိုးဖြင့် ဖော်ပြထားသည်။
 
ချီတက်ရာ လမ်းတစ်လျှောက်တွင်လည်း ပြည်ထောင်စု ထာဝရ မပြိုကွဲရေး ဒို့အရေး၊ တပ်မတော်ဖြိုခွဲအောင်ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ ၊ ပြည်ထောင်စုဖွားတိုင်းရင်းသား ၁၃၅ မျိုး အကျိုးကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား အပြည့်အ၀ ထောက်ခံပါသည်အစရှိသည့် ကြွေးကြော်သံများ ဗီနိုင်းများ ကိုင်ဆောင်ကာ ချီတက် လမ်းလျှောက်ခဲ့ကြသည်။
 
“တပ်မတော် ထောက်ခံပွဲက ဒီနေ့ လုပ်တယ်၊လာတဲ့သူတွေကတော့ ပအို့ဝ်တွေပဲများတယ်၊ ရွာတွေက ပအို့ဝ်တွေပေါ့လေ၊ ကျွန်တော်က တော့ ဘာမှမပြောချင်တော့ဘူး၊ ပြည်သူတွေ ကန့်ကွက်ထားတဲ့ကြား က ခွင့်ပြုတာ ဒါ အစိုးရရဲ့အပိုင်းပေါ့လေ ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး လည်း နိုင်ငံတော်သမ္မတဆီ စာပို့ပြီးပြီ၊ NLDပါတီ CEC ကိုလည်း စာပို့ပြီးပြီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီကိုလဲစာပို့ပြီးပြီ”ဟု တောင်ကြီး တန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားနှင့် တိုက်နေ၍ တပ်မတော် ထောက်ခံပွဲအား ကန့်ကွက်ခဲ့သူ ဦးတင်မောင်တိုးက The Ladies သို့ ပြောကြားခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment