ကျောင်းပတ်ဝန်းကျင်တွင် ကျူးကျော်ဈေးဆိုင်များ ရှင်းလင်း ဖယ်ရှားနိုင်ရေးအတွက် လူမှုရေးဝန်ကြီး ကိုယ်တိုင်သွားရောက် ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းပတ်ဝန်းကျင်တွင် ကျူးကျော်ဈေးဆိုင်များ ရှင်းလင်းဖယ်ရှားနိုင်ရေး အတွက် လူမှုရေးဝန်ကြီးကိုယ်တိုင် ကျောင်းအချို့သို့ အောက်တိုဘာ ၁၇ ရက်က သွားရောက်ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းသည် စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ကျောင်းများအား လိုက်လံကြည့်ရှုခဲ့ခြင်းဖြစ် သည်။
 
ဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များသည် စမ်းချောင်းမြို့နယ် အမက(၁)၊အမက(၃)၊ကြည့်မြင်တိုင်မြို့နယ် အထက(၁)၊ အထက(၂) ကျောင်းများသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းဝင်း အတွင်း သန့်ရှင်း သပ်ရပ်ရေး၊ ကျောင်းပတ်ဝန်းကျင်တွင် ကျူးကျော်ဈေးဆိုင်များ ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment