တရားစွဲဆိုခြင်းခံထားရသော Eleven Media Group မှ သတင်းသမား ၃ ဦးကို ပထမဆုံးအကြိမ်ရုံးထုတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်း ခံထားရသော Eleven Media Group မှ သတင်းသမား ၃ ဦး ကို အောက်တိုဘာ ၁၇ ရက်က ပထမဆုံးအကြိမ်အဖြစ် တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
 
Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်း တို့အား အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ် စာမျက်နှာ ၂၆ တွင်ဖော်ပြခဲ့သည့် ဆောင်းပါးနှင့်ပတ်သက်၍၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တာမွေမြို့နယ် တရားရုံးသို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အောက်တိုဘာ ၁၀ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
 
တရားစွဲဆိုခံရသူ သုံးဦးမှာ တာမွေမြို့နယ်ရဲစခန်းတွင် အောက်တို ဘာ ၁၀ရက်နေ့နံနက်ပိုင်းက သွားရောက် အစစ်ခံခဲ့ပြီးနောက်၊ တရားရုံးတွင် ရုံးချိန်းရမန် ရယူခဲ့ကာ ၊ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment