ပျက်ကျလေယာဉ်၏ အပိုင်းအစထိမှန်၍ သေဆုံးခဲ့သူ ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းကို သင်္ဂြိုဟ်

ပျက်ကျလေယာဉ်၏ အပိုင်းအစထိမှန်၍ သေဆုံးခဲ့သူ ငါးတန်း ကျောင်းသူ မသွယ်ဇင်ငြိမ်းကို အောက်တိုဘာ ၁၆ ရက်၊ ညနေ ၄ နာရီအချိန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ မသွယ်ဇင်ငြိမ်း၏ နာရေးသို့ သူငယ်ချင်းများ၊ ဆရာဆရာမများ၊ တပ်မတော် အသိုင်းအဝိုင်း တာဝန်ရှိသူများနှင့် မြို့ခံများ လိုက်ပါ ပို့ဆောင်ခဲ့ကြ သည်။
 
မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းသည့် အက်ဖ် - ၇ တိုက်လေယာဉ်နှစ်စင်းသည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျခဲ့ရာ လေယာဉ်မှူး ဗိုလ်ကြီး ဖြိုးမောင်မောင်နှင့် ဗိုလ်ကြီးဟိန်းသူအောင်တို့ သေဆုံးခဲ့သည်။ ပျက်ကျခဲ့သည့် လေယာဉ်၏ အပိုင်းအစထိမှန်ကာ စာသင်ဝိုင်း၌ စာသင်နေသည့် ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းလည်း ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။
 
သေဆုံးသူ ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းကို သေဆုံးသွားသည့်ရက် ညနေပိုင်းတွင်ပင် သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။ မသွယ်ဇင်ငြိမ်းသေဆုံးမှုအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကျပ်ဆယ်သိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ ကျပ်သုံးသိန်း၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကျပ်တစ်သိန်း ထောက်ပံ့ပေး အပ်ခဲ့ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလည်း ငွေကျပ် ဆယ်သိန်းထောက်ပံ့ ခဲ့ကြောင်း သတင်းများအရ သိရသည်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment