မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း များ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မှ ၁၂ နာရီ ၅၀ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၃)၊ အမှတ်(၁)နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ (တောင်ပြို-ယာ)မှ ရဲအုပ် မြတ်ဇော်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်(၁၅)ဦး၊ စကားပြန်(၁)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGB တပ်ရင်း Rejuamtoli ကင်းစခန်းမှ Naib Subedar Md. Abdul Jalil ဦးစီးသည့်(၁၅)ဦး၊ စကားပြန်/ လမ်းပြ(၁)ဦး တို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၃၉) မှ (၄၀)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment