အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် များနှင့် ခါးပတ်မပတ်ဘဲမောင်းနှင်သော ယာဉ်များအား အရေးယူလျက်ရှိသော်လည်း စည်းကမ်းလိုက်နာခြင်း အားနည်းနေ

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် များနှင့် ခါးပတ်မပတ်ဘဲမောင်းနှင်သော ယာဉ်များအား အရေးယူလျက်ရှိသော်လည်း စည်းကမ်းလိုက်နာခြင်း အားနည်း လျက်ရှိကြောင်း သိရသည်။
 
အောက်တိုဘာလ ၁၄ ရက်နေ့ ည ၆ နာရီမှ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း (၂၀၁)မိုင် နေပြည်တော် တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော် ယာဉ် (၁၃)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် (၂၈)စီး၊ ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော် ယာဉ်(၉)စီး၊ တံတားဦးမြို့နယ် စကားအင်း တိုးဂိတ်၌ မော်တော် ယာဉ်(၁၃)စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော် ယာဉ်(၆)စီး၊ ဘောနတ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ် (၁)စီး၊ ပန်းတင်မီနီတိုးဂိတ်၌ မော်တော်ယာဉ်(၂)စီး၊ စုစုပေါင်း မော်တော် ယာဉ်(၇၂)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ လ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် (၃၆၀၆၀) စီး ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရသည်။
 
အလားတူ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၆ နာရီမှ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေး တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ်(၁)စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ခါးပတ်မပတ်ဘဲမောင်းနှင်သော ယာဉ် (၅၆၃၈) စီး ဖမ်းဆီး အရေးယူခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment