ဘာစီလိုနာ အသင်းနဲ့အတူ သွင်းဂိုးပေါင်း ၆၀၀ ပြည့်မြောက် တော့မယ့် လီယွန်နယ် မက်ဆီ

ဘာစီလိုနာအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ဟာ ပြီးခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လာလီဂါပွဲစဉ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အသင်းနဲ့ အတူ ဂိုး ၆၀၀ ပြည့်ဖို့ ၁ ဂိုးသာ လိုအပ်တော့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၄င်းဟာ လာလီဂါမှာ ၁၀ နှစ်ဆက် ဂိုး ၄၀ နဲ့ အထက်သွင်းယူထားနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထားနိုင်သူလည်းဖြစ်ပါတယ်။
အဆိုပါ အာဂျင်တီးနားတိုက်စစ်မှူးဟာ ယခုလက်ရှိအချိန်မှာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၇၀၃ ပွဲ အထိဝင်ကစားပေး ထားသူဖြစ်ပြီး ဂိုးဖန်တီးမှု ၂၄၃ ကြိမ်အထိပြုလုပ်ထားနိုင်ကာ သွင်းဂိုးစုစုပေါင်း ၅၉၉ ဂိုးအထိသွင်းယူပေးထားနိုင်တာ လည်းဖြစ်ပါတယ်။ ဒါ့အပြင် ယခု ၂၀၁၈ ခုနှစ်အတွင်းမှာလည်း ပြိုင်ပွဲစုံဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် ထိပ်ဆုံးမှ ရပ်တည်ထားနိုင်သူလည်းဖြစ်ပါတယ်။
 
၂၀၁၈ ခုနှစ် အတွင်း ပြိုင်ပွဲပေါင်းစုံ ဂိုး အများဆုံး သွင်းထားသူများ
.
 
၁။ မက်ဆီ - (၄၁ ဂိုး)
 
၂။ ဘော်နီဂျာ - (၄၀) ဂိုး
 
၃။ စီရိုနယ်လ်ဒို - (၃၈) ဂိုး
 
၎။ အီမန်နူရယ် ဟာရဲရား (၃၅) ဂိုး
 
၅။ တက်ဂလီယာဘူ (၃၅) ဂိုး
 
The Ladies News

 

Vote: 
No votes yet

Add new comment