ELeven Media မှ သတင်းသမား ၃ ဦးအား ပုဒ် မ ၅၀၅ (ခ) ဖြင့်ဖမ်းဆီးခြင်းကို NLD ပါတီဝင်တချို့ဘဝင်မကျ

မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး) က ''NLD ရဲ့ အမြင်တော့ မပြောတော့ဘူး။ ကျွန်တော့် တစ်ဦးချင်း အမြင်ပဲပြောမယ်။ နံပါတ် ၁ ကတော့ ဒီကိစ္စ ဒီလိုဖြစ်တဲ့အပေါ်မှာ လုံးဝစိတ်မကောင်း ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ အစိုးရ ဘက်ကရော သတင်းသမားတွေ ဘက်ကရော လွတ်လပ်မှုနဲ့ တာဝန်သိမှုကို balance လုပ်နိုင်အောင်ပေါ့လေ။ နှစ်ဖက်စလုံးမှာ လွတ်လပ်မှုနဲ့ တာဝန်သိမှုကို balance လုပ်နိုင်ဖို့ ကြိုးစားသင့်တယ် လို့ ကျွန်တော်ထင်ပါတယ်'' ဟု The Ladies News ကိုပြောပါ သည်။
 
ဆက်လက်ပြီး NLD အစိုးရလက်ထက်တွင် သတင်းလွတ်လပ်ခွင့်ပိုမို ဆိတ်သုဉ်းလာသည်ဟု ဝေးဖန်နေခြင်းကို ၎င်း အမြင်အား ထပ်မံမေးမြန်း သည့်အခါ မုံရွာအောင်ရှင်က ''ကျွန်တော်သဘော ထားကတော့ ကန့်သတ်တာတွေ ဒီလိုဖြစ်ပျက်တဲ့ ကိစ္စကို ကျွန်တော်တော့ သိပ်ပြီးဘဝင်မကျပါဘူး။ ဒါအမှန်အတိုင်း ပြောတာပါ''
 
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်မှ NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကလည်း သတင်းသမားကို ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး သူမ၏အမြင်ကို The Ladies News သို့ ယခုလိုပြောပါသည်။
 
''နံပါတ် ၁ အချက်က ဘာကြောင့်ဆိုတဲ့ တိုင်းအစိုးရရဲ့ သတင်း ထုတ်ပြန်ချက်နဲ့ ဘယ်အချက် ဘယ်အချက်တွေ ကြောင့်ဆိုတဲ့ သတင်းအတိအကျက မသိတဲ့အခါကျတော့ အဲဒီအပေါ်မှာပြောဖို့ နည်းနည်းခက်တယ်ပေါ့။
 
ဒါပေမယ့် မည်သို့ပေဆိုစေကာမှု ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် (ဒါကျွန်မ တစ်ဦးတည်းရဲ့ သဘောဆန္ဒပါ)။ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို ကြိုးပမ်းမှုနေတဲ့ နိုင်ငံတစ်ခု အနေနဲ့ပဲဖြစ်ဖြစ် သတင်းမီဒီယာ လွတ်လပ်ခွင့်ကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ရှိရမယ်ပေါ့နော် ရှိလည်းရှိသင့်တယ် ဆိုတဲ့အခါကျတော့။
 
ဒီမိုကရေစီအစိုးရကတော့ သေချာတယ် ဝေဖန်တာလည်းခံရမှပဲ။ ဝေဖန်တာလည်းခံရမယ် သတင်းမီဒီယာတွေနဲ့လည်း ဒီလိုမျိုးတွေ ထိပ်တိုက် ခဏခဏ တွေ့နေတာတွေကတော့ ကျွန်မအနေ နဲ့တော့ သိပ်သဘောမကျပါဘူး။ ဒီယာထက်ပိုကောင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းရင် ပိုအဆင်ပြေမယ်လို့ မြင်တယ်။
 
သတင်းမီဒီယာသမားကတော့ ဘယ်ရှုထောင့် ကနေ ဘယ်လိုပဲရေးသည်ဖြစ်စေ ပေါ့နော် ဘယ်အပိုင်းနဲ့ပဲ ရေးသည်ဖြစ်စေ။ သတင်းမီဒီယာနဲ့ ကိုယ့်အစိုးရကြားထဲမှာ ဒီလိုမျိုးအဖုအထစ်ကလေးဖြစ်တာမျိုး ဆိုလို့ရှိရင်တော့ ကျွန်မတို့က သိပ်သဘောမကျဘူးပေါ့နော်။ မဖြစ်လည်း မဖြစ်စေချင်ပါဘူး။
 
ကျွန်မတို့က ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့အခါ ကျတော့ တချို့ ကိစ္စတွေကြတော့လည်း ဒီလိုပဲ ညှိနှိုင်းဆွေးနွေးရင်း အဖြေရှာ ရတာပဲလေ'' ဟုပြောပါသည်။
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်းစားလှယ် တစ်ဦးဖြစ်သည့် ဒေါ်စန္ဒာမင်းကလည်း သတင်းသမားကို ဖမ်းဆီးခြင်းကို သဘောမကျကြောင်း ယခုလိုပြောပါသည်။
 
"နံပါတ် ၁ အစ်မပြောချင်တာက လွှတ်တော် ကိုယ်စားလှယ်တွေက စားရင်းစစ်ချုပ်ရဲ့ မှန်ကန်တဲ့ ထောက်ပြထားတဲ့ အချက်တွေပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ဆွေးနွေးတယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ အချက်တွေကို ပြင်ပမီဒီယာတွေက ကိုယ်းကားပြီတော့ ဖေါ်ပြတယ်။ ကိုးကားရတယ်။ ဒီအ ပေါ်မှာ ထောက်ပြတယ်၊ ဝေဖန်တယ်။ ဒီလိုမျိုးနဲ့ ဖေါ်ပြတယ်လို့ အစ်မတို့က ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုထောက်ပြဝေဖန်ခြင်းဟာ အပြစ်မရှိဘူးလို့ အစ်မက ပထမအချက်အနေနဲ့ သုံးသပ်တယ်။ ဒုတိယအချက် အနေနဲ့ကတော့ ၅၀၅ (ခ) ဆိုတဲ့ ပုဒ်မသည်။ ၅ (ည) ပုဒ်မလိုပဲ အမြင်ကပ် ပုဒ်မလိုမျိုးဖြစ်တယ်လို့ အစ်မကတော့ယုံကြည် တယ်။ ၅၀၅ (ခ) ဆိုတဲ့ ပုဒ်မက အုပ်ချုပ်သူအစိုးရ ရဲ့ ဆင်ခြင်တုံ တရားနဲ့ ပတ်သက်တဲ့ ပုဒ်မတစ်ခု ပဲဖြစ်တယ်။ ပြည်သူတွေအပေါ်မှာ အုပ်ချုပ်တဲ့ အစိုးရက ၅၀၅ (ခ) နဲ့ ဒီလိုအရေးယူ ဆောင်ရွက်တယ် ဆိုရင် ပြည်သူတွေအပေါ်မှာ ထားရှိတဲ့ စိတ်ကို ဖေါ်ပြလိုက်တာပဲလို့ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ ပြည်သူတွေကို မေတ္တာ ထားရင် ကျွန်မတို့ မေတ္တာပြန်ရမယ်။ မေတ္တာမထားဘူးဆိုရင်တော့ ရန်မူတဲ့ ရန်မူတုန့်ပြန်မှုထားတဲ့ ပုံစံနဲ့ တုန့်ပြန်မယ်ဆိုရင်တော့ တူညီတဲ့အကျိုးကို ပြန်ရရှိလိမ့်မယ်လို့ပြောချင်တယ်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment