အသင်းမှာ ဆက်ရှိဖို့ မသေချာတော့တဲ့ မန်ယူကြယ်ပွင့်များ

မန်ယူအသင်းရဲ့အားထားရတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဒေးဗစ်ဒီဂီယာ၊ အန်တိုနီယိုမာရှယ်နဲ့ အသင်းရဲ့ ၀ါရင့် ကစားသမား ဗလန်စီယာတို့ဟာ ယခုနှစ်ရာသီကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးကြတော့မှာဖြစ်ပြီး အသင်းမှာ ဆက်ရှိနေဖို့ မသေမချာတဲ့ အနေအထားဖြစ်နေပါတယ်။
 
အသင်းရဲ့ အားထားရတဲ့ နံပါတ် ၁ ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီတွေက စပိန်အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်အသင်းရဲ့ စိတ်ဝင်စားမှုတွေကို ခံနေခဲ့ရတာဖြစ်ပြီး မန်ယူအသင်းတာဝန်ရှိသူတွေဟာ ၄င်းရဲ့ အေးဂျင့်ဖြစ်သူနဲ့ စာချုပ်သက်တမ်းတိုးဖို့ အတွက် ဆွေးနွေးနေခဲ့တာကြောင့် ရီးရဲလ်တို့ဟာ ဒီဂီယာကိုခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် အဆိုပါစပိန်သားနဲ့ စာချုပ်ချုပ်ဆိုရာမှာလည်း သက်တမ်းတိုးခွင့်ကို ထည့်သွင်းချုပ်ဆိုထားတာကြောင့် ၄င်းတို့ရဲ့ နံပါတ် ၁ ဂိုးသမားကို ထိန်းသိမ်းဖို့အတွက် အခွင့်အရေးကောင်းတွေရှိနေဆဲဖြစ်ပါတယ်။
အသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူးလေး အန်တိုနီယိုမာရှယ်ဟာ လည်း ပြီးခဲ့တဲ့ရာသီက ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့ရတာကြောင့် မပျော်မရွှင်ဖြစ်နေခဲ့ပြီး ၄င်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းကို ပြောင်းရွှေ့ဖို့ဆန္ဒရှိနေတာ လည်းဖြစ်ပါတယ်။ သို့သော်လည်း ယခုလက်ရှိအချိန်ထိတော့ တိကျတဲ့ အဖြေတစ်ခု ထွက်ပေါ်လာခဲ့ခြင်းမရှိသေးပါဘူး။
 
လက်ရှိ အသင်းမှာ ခေါင်းဆောင်ရာထူးကိုတာဝန်ယူထားတဲ့ ၀ါရင့်ကစားသမား ဗလန်စီယာဟာလည်း မကြာသေးမီက နည်းပြမော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေရှိနေခဲ့တာကြောင့် အသင်းမှာဆက်ရှိဖို့ မရေမရာဖြစ်နေပြီး မန်ယူအသင်းကတော့ အဆိုပါကစားသမားကို ၁၂ လအထိသက်တမ်းတိုးခွင့်ရှိနေပါတယ်။
 
အသင်းရဲ့ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ အန်ဒါ ဟာရဲရား ဟာလည်း ပြီးခဲ့တဲ့ရာသီက အသင်း ဟောင်း ဘီလ်ဘာအို ကို ပြောင်းရွှေ့ ဖို့ သတင်း တွေ ထွက်ပေါ်နေခဲ့ပြီး အပြောင်းအရွှေ့ဈေး ကွက်ပြီးဆုံးချိန်မှာတော့ ပြောင်းရွှေ့သွားခဲ့ခြင်းမရှိခဲ့ပါဘူး။ သို့သော်လည်း ယခုနှစ်ရာသီမှာ အသင်းကို အသစ်ရောက်ရှိ လာခဲ့တဲ့ ဖရက်ဒ်၊ မာတစ် နဲ့ ပေါ့ဂ်ဘာတို့နောက်မှာသာ ရှိနေခဲ့ရပြီး မန်ယူအသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားတာကြောင့် ရာသီကုန်မှာ အသင်းပြောင်းရွှေ့နိုင်ချေရှိနေပါတယ်။
 
ဒါ့အပြင် အခြားအားထားရတဲ့ ၀ါရင့်ကွင်းလယ်ကစားသမား မာတာဟာလည်း မော်ရင်ဟိုရဲ့ နည်းစနစ်တွေ၊ အပြုအမူတွေကို ကြိုက်နှစ်သက်ခြင်းမရှိခဲ့တာကြောင့် ချဲလ်ဆီးအသင်းကို မော်ရင်ဟိုကိုင်တွယ်စဉ်က မန်ယူအသင်းကို ပြောင်းရွှေ့လာ ခဲ့သူဖြစ်ပြီး
 
ယခုလက်ရှိမှာလည်း မော်ရင်ဟိုရဲ့ ဆိုးရွားလှတဲ့ နည်းစနစ်ကို သဘောမကျတာကြောင့် အသင်းမှ ထွက်ခွာသွားဖွယ်ရှိနေပါတယ်။ သို့သော်လည်း မန်ယူဟာ အဆိုပါကစားသမားကို ၁ နှစ်သက်တမ်း တိုးခွင့်ရှိနေပါသေးတယ်။
 
Sky Sports သတင်းဌာနရဲ့ဖော်ပြချက်အရ မန်ယူနည်းပြ မော်ရင်ဟိုဟာ လက်ရှိအသင်းရဲ့ ခံစစ်ပိုင်းစုဖွဲ့မှုကို ကြိုက်နှစ် သက်ခြင်းမရှိတာကြောင့် အသင်းရဲ့ ခံစစ်မှူးတွေဖြစ်ကြတဲ့ စမောလင်း နဲ့ ဖီးလ်ဂျုံးတို့ရဲ့ အနာဂတ်ဟာ လှုပ်ခတ်လို့နေပါတယ်။ မော်ရင်ဟိုဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ အားနည်း ချက်တွေရှိနေတဲ့ ခံစစ်ပိုင်းကိုအဓိကပြင်ဆင်ဖို့ လုပ်ဆောင်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။
 
နောက်ထပ် တောင်ပံ၊ ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ အားထားရတဲ့ ကစားသမား အက်ရှ်လေယန်းရဲ့အနာဂါတ်ဟာလည်း လှုပ်ခတ် လို့နေပါတယ်။ မန်ယူအသင်းတာဝန်ရှိသူတွေဟာ ၄င်းကို အသင်းပြောင်းရွှေ့ဖို့ တရားဝင်ခွင့်ပြုထားပြီးဖြစ်ပြီး ၄င်းဟာ အမေရိကန်ကလပ်တွေကို သွားရောက်ကစားဖို့ ရှိနေပါတယ်။
 
မန်ယူအသင်းရဲ့ နောက်ခံလူ တစ်ဦး ဖြစ်တဲ့ မက်တီယို ဒါမီယံကတော့ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်း က စီးရီးအေ ထိပ်သီးကလပ် နာပိုလီ နဲ့ ဂျူဗင်တပ် အသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယခုရာသီမှာ အသင်းနဲ့အတူ ၁ ပွဲသာ ပါဝင်ကစားခွင့် ရထားတာကြောင့် ရာသီကုန်မှာ အသင်းကထွက်ခွာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment