2018 Ballon d’Or ဆုအတွက် ဆန်ကာတင် ကစားသမား ၃၀ ဦးစာရင်း ထွက်ပေါ်လာ

ပြင်သစ် ဘောလုံး မဂ္ဂဇင်းဟာ ၂၀၁၈ ခုနှစ် Ballon d’Or ဆုအတွက်ဆန်ကာတင်ကစားသမား ၃၀ ဦးစာရင်းကို မကြာမီရက်ပိုင်းက ထုတ်ပြန်ကြေငြာသွားခဲ့ပြီး ရီးရဲလ်အသင်း ကစားသမားတွေနဲ့ လီဗာပူးလ်ကစားသမားတွေ အများဆုံး ပါဝင်နေတာကို တွေ့ရပါတယ်။ အဆိုပါ စာရင်းမှာ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား တွေဟာ ၈ ဦးအထိ ပါဝင်လာခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ ကစားသမား ၄ ဦးအထိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
 
ပြင်သစ်မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ Ballon d’Or ဆုအတွက် ဆန်ကာတင် ကစားသမား ၃၀ ဦးစာရင်းကိုတော့ The Ladies News ရဲ့ အားကစားချစ်ပရိသတ်တွေအတွက် အောက်မှာ ဖော်ပြပေး လိုက်ပါတယ်။
 
Ballon d’Or ဆုအတွက် ဆန်ကာတင် ကစားသမား ၃၀ ဦးစာရင်း
 
ဂါရတ်ဘေးလ် (ရီးရဲလ်)
 
ဘင်န်ဇီမာ (ရီးရဲလ်)
 
သီဗျု့စ်ကော့တွိုက်က် (ရီးရဲလ်)
 
အစ္စကို ( ရီးရဲလ်)
 
မာဆယ်လို (ရီးရဲလ်)
 
လူကာမိုဒရစ် (ရီးရဲလ်)
 
ဆာဂျီဟိုရာမို့စ် (ရီးရဲလ်)
 
ဗာရန်း (ရီးရဲလ်)
 
အလီဆွန် (လီဗာပူးလ်)
 
ဖာမင်နို (လီဗာပူးလ်)
 
ဆာဒီယိုမာနေး (လီဗာပူးလ်)
 
မိုဟာမက်ဆာလက် (လီဗာပူးလ်)
 
အဂူရို (မန်စီးတီး)
 
ဒီဘရိုင်း (မန်စီးတီး)
 
စီရိုနယ်လ်ဒို (ဂျူဗင်တပ်)
 
မန်ဇူကစ် (ဂျူဗင်တပ်)
 
ဂိုဒင် (အက်သလက်တီကို)
 
ဂရစ်ဇ်မန်း (အက်သလက်တီကို)
 
အော့ဘလက် (အက်သလက်တီကို)
 
ကာဗာနီ (ပီအက်စ်ဂျီ)
 
မက်ပီ (ပီအက်စ်ဂျီ)
 
နေမာ (ပီအက်စ်ဂျီ)
 
ဟာဇက် ( ချဲလ်ဆီး )
 
ကန်တီ ( ချဲလ်ဆီး )
 
ဟယ်ရီကိန်း (စပါး)
 
ဟူဂိုလိုရစ် (စပါး)
 
မက်ဆီ (ဘာစီလိုနာ)
 
ရာကီတစ် (ဘာစီလိုနာ)
 
ဆွာရက်ဇ် (ဘာစီလိုနာ)
 
ပေါ့ဂ်ဘာ (မန်ယူ)
 
Ballon d’Or ဆုကို ကမ္ဘာတစ်ဝှမ်း နာမည်ကျော်တဲ့ ဂျာနယ်လစ်တွေရဲ့ ဆန္ဒမဲအရေအတွက်နဲ့ ရွေးချယ်သွားမှာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံလျှင် ဂျာနယ်လစ်တစ်ဦးကသာ မဲပေးခွင့်ရရှိမှာ လည်းဖြစ်ပါတယ်။ မဲပေးရာမှာတော့ ဂျာနယ်လစ်တစ်ဦးကို မဲအရေအတွက် ၅ မဲအထိ မဲပေးခွင့်ပြုထားပြီး ပထမနေရာမှာ ရွေးချယ်ခံရတဲ့ ကစားသမားဟာ အမြင့်ဆုံးအမှတ် ၆ မှတ်အထိ ရရှိမှာလည်းဖြစ်ပါတယ်။ ဒုတိယ နေရာရရှိတဲ့ ကစားသမားကတော့ ၄ မှတ်ရရှိမှာဖြစ်ပြီး တတိယ နေရာက ၃ မှတ်၊ စတုတ္ထနေရာက ၂ မှတ်နဲ့ နောက်ဆုံး ပဉ္စမနေရာကတော့ ၁ မှတ်သာ ရရှိမှာဖြစ်ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment