ဆင်သားရေဟုယူဆရသော မီးဖုတ်ထားသည့် အရေခွံ ၄၂ ပိဿာခန့် သိမ်းဆည်းရမိ

မောင်တောမြို့နယ်အတွင်းမှ ဆင်သားရေဟုယူဆရသော မီးဖုတ်ထားသည့် အရေခွံ ၄၂ ပိဿာခန့် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ မောင်တောမြို့နယ် နယ်မြေ(၂) ခမောင်း ဆိပ် ရဲကင်းရှေ့ ပြင်ဖြူချောင်းအတွင်း၌ ခမောင်းဆိပ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ သည် အောက်တိုဘာ ၈ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က မသင်္ကာဖွယ်အထုပ် သုံးထုပ် တွေ့ရှိ၍ သွားရောက်စစ်ဆေးရာ ဝါးဖောင်ပေါ်တွင် မောင်တောမြို့နယ် ကိုင်းကြီး(မြို)ကျေးရွာနေ ရဲမင်းနိုင်ကို ပီနံအိတ်အတွင်း ထည့်ထားသော ဆင်သားရေဟု ယူဆရသော မီးဖုတ်ထားသည့် အရေခွံ ၄၂ ပိဿာခန့် နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ခမောင်းဆိပ် ရဲကင်းစခန်းသို့ ခေါ်ဆောင်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
 
credit - myanmar alinn
The Ladies News

 

Vote: 
No votes yet

Add new comment