ကြည့်မြင်တိုင်မြို့နယ်တွင် အသက်မပြည့်သေးသူကို သားမယာအဖြစ် ပြုကျင့်သူအား ဖမ်းဆီးရမိ

ကြည့်မြင်တိုင်မြို့နယ်တွင် အသက်မပြည့်သေးသူကို သားမယာအဖြစ် ပြုကျင့်သူအား ဖမ်းဆီးရမိ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
 
ဖြစ်စဉ်မှာ ၈.၁၀.၂၀၁၈ ရက်နေ့ ည ၂၁၃၀ နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်၊ စက္ကန့်(၁) လမ်းနေ ဒေါ်-------သည် နေအိမ်၌ရှိနေ စဉ် တစ်ရပ်ကွက်တည်းရှိ မုန့်ဟင်းခါးရောင်းသည့် နေအိမ်တွင် လခစား အလုပ်လုပ်ကိုင် လျက်ရှိသောသမီးဖြစ်သူ မ--------(၁၆)နှစ်မှာ အလုပ်ကိုင်ရန် ၂၀၃၀အချိန်တွင် သွားရောက်ခဲ့သော်လည်း အလုပ်သို့ ရောက်ရှိခြင်းမရှိကြောင်း သိရှိရသဖြင့်လိုက်လံရှာဖွေရာ ည ၂၂၀၀ နာရီ အချိန်တွင် သမီးဖြစ်သူအား တွေ့ရှိရပြီး ရွံ့ဗွက်များ ပေကျန် သဖြင့် မေးမြန်းခဲ့ရာတွင် ၎င်းမှအလုပ်သို့ တာကြီးလမ်းအတိုင်း လမ်းလျှောက်စဉ် တစ်လမ်းတည်းနေ ချစ်ဦး၊ (၃၃)နှစ်မှာ နောက်မှလိုက်လာပြီး ၎င်း၏အနီး အရောက်တွင် စကားပြောချင်းလို့ ခဏလိုက်ခဲ့ဦး ဟုပြောကာ တစ်လမ်းတည်းနေဖြစ်သောကြောင့် ချစ်ဦး ခေါ်ရာ တာကြီးလမ်း၊ ကံသာအေး သောက်ရေကန်အနီးသို့ လိုက်သွားခဲ့ ကြောင်း၊ ယင်းနောက် ချစ်ဦးမှ ၎င်း၏မိန်းမနှင့် အဆင်မပြေကြောင်း၊ ၎င်းထံတွင်စုထားသည့် ပိုက်ဆံ ၁ သိန်းခွဲခန့် ရှိပြီး မ-----အား သားမယား အဖြစ် ပေါင်းသင်းမည်ဟုပြောကြားရာ တွင် မ------မှ ချစ်ဦးတွင်မိန်းမနှင့် သား/သမီးရှိသဖြင့် မဖြစ်နိုင် ကြောင်း ပြန်လည်ပြောပြခဲ့ကြောင်း၊ မိခင်ဖြစ်သူ ဒေါ်------နှင့် ဆိုင်ပိုင်ရှင်တို့ လိုက်ရှာနေသည်ကို တွေ့မြင်သဖြင့် ပြန်မည်ဟု ပြောသော်လည်း ချစ်ဦးမှ မ------၏ လက်အားဆွဲ၍ မြေပြင်ပေါ်တွင် တွန်းလှဲပြီး ပါးစပ်အားပိတ်ကာ သားမယားအဖြစ်(၁) ကြိမ်ပြုကျင့် ခဲ့ပြီးနောက် ထွက်ပြေးသွားကြောင်း ပြောပြသိရှိရသဖြင့် ဒေါ်------မှ မိဘအုပ်ထိန်းမှု အောက်ရှိ အရွယ်မရောက်သေးသည့် သမီးဖြစ်သူ အား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ ချစ်ဦး အား တိုင်တန်းဖြင့် စက်ဆန်းနယ်မြေ ရဲစခန်း(ပ)၂၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှု ကျူးလွန် ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
ယင်းသို့ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ချစ်ဦးမှာ ပဲခူးတိုင်
ဒေသကြီး၊ က၀မြို့နယ်၊ အေးရွာကျေးရွာ သို့ ရောက်ရှိနေကြောင်း
သတင်းအရ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် စက်ဆန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူအား သွားရောက် ဖမ်းဆီးရာ ၉.၁၀.၂၀၁၈ ရက်နေ့ ၁၃၃၅ အချိန်တွင် ပြစ်မှုကျူးလွန်သူ ချစ်ဦးအား အေးရွာကျေးရွာအတွင်းရှိ လမ်းဆုံတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment