မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင် လှည့်ကင်းများ ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင် လှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
 
မောင်တောမြို့၊ နယ်မြေ(၆)၊ အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ်မြေရုံးမှ ရဲမှူး မြင့်ဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်(၆)ဦးသည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရေယာဉ် တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် အမှတ် (၀၀၃)၊ (၀၀၅) ၂ စီးဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ Subedar Md. Ibrahim Hossain ဦးစီး (၁၂)ဦးသည် စက်တပ် ရေယာဉ် ၂ စီးဖြင့် လည်းကောင်း အောင်ဗလချောင်းဝထိပ် နတ်မြစ်မြစ်လယ် နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင် အမှတ်(၅)၌ တွေ့ဆုံပြီး ရေယာဉ်(၄)စီးဖြင့် နတ်မြစ်ကြောင်း အတိုင်း ကင်းလှည့်ခဲ့ရာ မင်္ဂလာကြီးချောင်းဝအနီး ရေမိုင် အမှတ်(၈)သို့ ၁၁၀၀ နာရီတွင် ရောက်ရှိပြီး ရေယာဉ် အမှတ်(၀၀၅)ပေါ်၌ နှစ်ဖက်ညှိနှိုင်း ကင်းလှည့် သည့်အဖွဲ့များ တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment