စောလားထော်ဝါး အသက် ၂၇ ပြည့်မွေးနေ့ မြောင်းမြစခန်းကြီး အသင်းတော်ဘုရားကျောင်းတွင် ကျေးဇူးတော်ချီးမွမ်းဘုရားရှိခိုး

စောလားထော်ဝါး အသက် ၂၇ ပြည့်မွေးနေ့ဖြစ်သည့် စက်တင်ဘာ ၁၁ ရက်နေ့က မြောင်းမြစခန်းကြီး အသင်းတော်ဘုရားကျောင်းတွင် ကျေးဇူးတော်ချီးမွမ်း ဘုရားရှိခိုးခြင်းဖြင့် မွေးနေ့ပွဲကျင်းပပြုလုပ်ခဲ့ပြီး မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင်လည်း အလှူတစ်ခု ပြုလုပ်သွားရန်ရှိကြောင်း ၎င်း၏ လူမှုကွန်ယက် ကိုယ်ပိုင်စာမျက်နှာတွင် ရေးသားခဲ့သည်။
 
“မွေးနေ့ဆုတောင်း စကားသံလေးတွေ တွေ့ရ မြင်ရ ကြားရ သိရတဲ့အတွက် အလွန်ဝမ်းမြောက် ဝမ်းသာ ပီတိဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ခုအချိန်အထိ ကျွေးမွေးပြုစု စောင့်ရှောက်တဲ့ ဘွားဘွားနဲ့ ဖေဖေ၊ မေမေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အထူးသဖြင့် အသက်ရှင်ခွင့်ပေးတဲ့ ထာဝရဘုရားကို ကျေးဇူးတင်တယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်” ဟု စောလားထော်ဝါးက ၎င်း၏ လူမှုကွန်ယက် ကိုယ်ပိုင်စာမျက်နှာတွင် ရေးသားခဲ့သည်။
 
Myanmar Idol Season 1 Winner ဆုရှင် စောလားထော်ဝါးသည် ၎င်း၏ ဒုတိယမြောက် အယ်လ်ဘမ်ကို လာမည့် နိုဝင်ဘာလအတွင်း ထွက်ရှိနိုင်အောင် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment