ကမ္ဘာ့ဖလားမှာ ဂျာမနီကွင်းလယ်လူ အိုဇေးလ် ဘာကြောင့် ခြေစွမ်းမပြနိုင်တာလဲ ဆိုတာကို အာစင်ဝင်းဂါး သုံးသပ်ပြောကြား

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးက ယခုကျင်းပ ပြုလုပ်နေတဲ့ ကမ္ဘာ့ဖလားမှာ ၄င်းရဲ့ တပည့်ဟောင်း၊ ဂျာမနီအသင်းရဲ့ ကွင်းလယ်လူ အိုဇေးလ်ဟာ ဘာကြောင့် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တယ်ဆိုတာကို beIN Sport နဲ့ အင်တာဗျူးတစ်ခုမှာ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
 
အိုဇေးလ်ရဲ့ ဂျာမနီအသင်းဟာ ယခင်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ခဲ့ပြီး ယခုကျင်းပပြုလုပ်နေတဲ့ ရုရှားကမ္ဘာ့ဖလား မှာတော့ စောစီးစွာ နှုတ်ဆက်ခဲ့ရပြီး အဆိုပါကစားသမားဟာလည်း ပွဲစဉ်တွေအတွင်း ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ဆွီဒင်နဲ့ ပွဲစဉ်ကို ချန်လှပ် ခံခဲ့ရတဲ့အပြင် ပရိသတ်တွေရဲ့နဲ့ ဘောလုံး ကျွမ်းကျင်ပညာရှင်တွေရဲ့ ဝေဖန်မှုများစွာကို ခံခဲ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးဟာ အိုဇေးလ်ကို ၂၀၁၃ ခုနှစ်က ရီးရဲလ်အသင်းမှ အာဆင်နယ်အသင်းကို ခေါ်ယူခဲ့သူဖြစ်ပြီး ၄င်းရဲ့ တပည့်ဟောင်း နဲ့ပတ်သက်ပြီး အာစင်ဝင်းဂါးက ”ကျွန်တော်ဟာ နှစ်တွေကြာကြာသူနဲ့ အလုပ်တွဲလုပ်ဖူးလို့ သူ့အကြောင်းကို ကောင်းကောင်းကြီးသိပါတယ်။ သူဟာ ဘောလုံးစွမ်းရည် မြင့်မားပြီး ထူးခြားတဲ့ကစားသမားတစ်ဦးပါ။ အိုဇေးလ်အပြင် ဂန်ဒိုဂန်ပါ ကမ္ဘာ့ဖလား မတိုင်ခင်တည်းက စိတ်ခံစားမှုအချို့ ရှိနေခဲ့ကြတာပါ။ ကမ္ဘာ့ဖလားမတိုင်ခင်မှာ တူရကီသမ္မတကိုတွေ့ဆုံခဲ့လို့ ဂျာမနီလွှတ်တော်အမတ်တွေက လူစာရင်းကနေ ချန်လှပ်ဖို့အထိ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ အိုဇေးလ်က အားပေးမှုကို လိုလားတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ လူတွေအများကြီး ဝေဖန်ရှုတ်ချနေတာတွေကို သူနှစ်မြို့မှာ မဟုတ်ပါဘူး” လို့ အာစင်ဝင်းဂါးက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
 
ဆက်လက်ပြီး ၀င်းဂါးက “ကျွန်တော် ပွဲစဉ်အတွင်း သူ့ကစားဟန်တွေကို ကြည့်ဖြစ်ခဲ့ပါတယ်။ သူဖြစ်နေတဲ့ စိတ်အခြအနေကိုလည်း ခံစားမိပါတယ်။ သူတိုက်စစ်ကို လိုက်ပါချိန်တွေမှာ အရင်အိုဇေးလ်ကို ကျွန်တော် မမြင်ခဲ့ရပါဘူး။ သူဟာ သာမန်ပုံစံမျိုးနဲ့ ကစားနေခဲ့တာပါ။ ကျွန်တော်သိတဲ့ အိုဇေ်းလ်က တစ်ဖက်အသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်သူမျိုးပါ။ ပွဲစဉ်အတွင်းမှာ သူကစားတာ အမှားယွင်းမရှိခဲ့ပေမယ့် သူ့ကိုကြည့်ရတာ ပေါ့ပါးမနေဘဲ စိတ်တွေပျံ့လွင့်နေပုံပေါက်နေခဲ့ပါတယ်” လို့ အာစင်ဝင်းဂါးက ထပ်မံပြောကြား သွားခဲ့ပါတယ်။
 
The Ladies news
 
 

 

Vote: 
No votes yet

Add new comment