မိုးမောက်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၁၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

မိုးမောက်မြို့နယ်၊ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးစခန်း တွင် ဇူလိုင် ၁၀ ရက်က ငွေကျပ်သိန်း ၁၁၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
မိုးမောက်မြို့နယ်၊ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးစခန်းသို့ TOYOTA COROLLA မော်တော်ယာဉ်တစ်စီးကို ဆွဲလာသည့် မော်တော်ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိလာ၍ ရှာဖွေရာ မဂျာဖာ၊ မကော့ရှောင်နှင့် ၎င်း၏ ကလေးနှစ်ဦးတို့ လိုက်ပါလာသည့် TOYOTA COROLLA မော်တော်ယာဉ်၏ ဒက်ရှ်ဘုတ်အံဝှက်အတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိ၍ အသေးစိတ် ရှာဖွေရန်အတွက် မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်ရုံးသို့ ခေါ်ဆောင်ခဲ့သည်။
 
ဗန်းမော်မြို့အဝင်သို့ ရောက်ရှိပြီးနောက် ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ် များကို ထိန်းသိမ်း၍ ဆက်လက် ခေါ်ဆောင်ခဲ့ရာ မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်ရုံးသို့ ရောက်ရှိခဲ့ပြီး ရှာဖွေရာ TOYOTA COROLLA ယာဉ်၏ ဒက်ရှ်ဘုတ် အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၀၀၀ ပြား၊ မော်တော်ယာဉ်၏ နောက်ခန်းရှိယာဉ်၏ အပိုဘီးအတွင်းမှ စိတ်ကြွ ရူးသွပ် ဆေးပြား ၅၇,၀၀၀ ပြား (စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၇၆,၀၀၀ ပြား)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မဂျီးပါ(ခ) မရွယ်နူး(၃၀)နှစ်၊ မဂျာဖာ(၅၃)နှစ်နှင့် မကော့ရှောင် (၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment