အင်္ဂလန်ကို ၁ ရာခိုင်နှိုင်းတောင် မနိုင်စေချင်ပါဘူးလို့ ပြောကြားလိုက်တဲ့ ခရိုအေးရှားနည်းပြဟောင်း ဘီလစ်

အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ဟာ ၄င်းတို့ရဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယနေ့ညပိုင်းမှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ခရိုအေးရှားနည်းပြဟောင်း ဘီလစ်ကတော့ ၄င်းအနေနဲ့ အင်္ဂလန်အသင်းကို ကြိုက်နှစ်သက်ပေမယ့် ဆီမီးဖိုင်နယ်မှာတော့ ၁ ရာခိုင်နှုန်းတောင် မနိုင်စေချင်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
ဘီလစ်က “ကျွန်တော် အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ကျွန်တော် အင်္ဂလန်အသင်းကို ကြိုက်နှစ်သက်ပေမယ့် ခရိုအေးရှားနဲ့ပွဲစဉ်မှာ ၁ ရာခိုင်နှုန်းတောင် အနိုင်မရစေချင်ပါဘူး။ ခရိုအေးရှားအသင်းကိုပဲ ပထမဆုံး ဗိုလ်လုပွဲတက်တာ မြင်ချင်မိပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
 
ဆက်လက်ပြီး ဘီလစ်က သူဘာကြောင့် ခရိုအေးရှားအသင်းအနိုင်ရမယ်လို့ဆို တာနဲ့ပတ်သတ်ပြီး “ယူရို ၂၀၀၈ တုန်းက ကျွန်တော်တို့ ဆီမီးဖိုင်နယ်ရောက်ဖို့ လက်တစ်ကမ်းအလိုကို ရောက်နေခဲ့ကြပြီး ၁၆ သင်းရှုံးထွက်အဆင့်မှာ ပဲတူရကီကို ပင်န်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ကြရပါတယ်။ အဲပွဲအပြီးမှာ မိုဒရစ် အပါအ၀င် အခြားကစားသမားတွေ အကုန်လုံး ငိုခဲ့ကြရပါတယ်။ ဒါကိုလည်း သူတို့ပြန်လည် သတိရနေမယ်လို့ ထင်ပါတယ်။ နောက်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း သူတို့တွေ ခြေစစ်ပွဲကိုတောင် ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၆ ယူရိုမှာလည်း ပေါ်တူဂီအသင်းကို နောက်ကျဂိုး ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါတွေက သူတို့အတွက် စိတ်ဓာတ်ခွန်အားတွေ၊ တွန်းအားတွေပါ။ နောက်ပြီး ခရိုအေးရှားမှာ ကမ္ဘာ့အဆင့်မီ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။
 
အခုလက်ရှိမှာလည်း သူတို့ရဲ့ယုံကြည်မှုတွေဟာ အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။ သူတို့ဟာ အသင်းကြီးတွေနဲ့ တွေ့ရင် အနိုင်ယူတတ်တဲ့ အစဉ်လာလဲရှိတယ်လေ။ ၁၉၉၈ ခုနှစ်တုန်းကလည်း သူတို့ ဂျာမနီလိုအသင်းမျိုးကို အနိုင်ယူနိုင်ခဲ့တယ်။ နောက်ပြီး အခုကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားလို အသင်းမျိုးကိုတောင် ကျော်ဖြတ်ခဲ့ပြီးပါပြီ” လို့ ဘီလစ်က ထုတ်ဖော်ပြာကြားခဲ့တာ ဖြစ်ပါတယ်။
 
ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယနေ့ညပိုင်းမှာ ယှဉ်ပြိုင်ကစား သွားကြမှာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းဟာ မနေ့ညက ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ထပ်မံယှဉ်ပြိုင်သွားရမှာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment