ထားဝယ်ရေနံလုပ်ကွက်အနီး ပင်လင်ပြင်တွင် မျောပါနေသည့် ရေလုပ်သား ၁၂ ဦးအား ကယ်ဆယ်နိုင်ခဲ့

ထားဝယ်ရေနံလုပ်ကွက်အနီး ပင်လယ်ပြင်တွင် မျောပါနေသည့် ရေလုပ်သား ၁၂ ဦးကို ဇူလိုင် ၁၀ ရက်က ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာနမှ တာဝန်ယူဆောင်ရွက်သည့် (M/S PTTEP INTL PTE.LTD) ပိုင် ထိုင်းနိုင်ငံသား Capt Montree Sualek မောင်းနှင်သည့် (TUB-HAI DOUNG-01) သင်္ဘောသည် ထားဝယ်ရေနံလုပ်ကွက်(M-9) အနီးအရောက်၌ ပင်လယ်ပြင်တွင် မျောပါနေသော ငါးဖမ်းရေလုပ်သား ဦးသန်းဝင်း (၄၈)နှစ်ပါ ကျား ၁၂ ဦး အား တွေ့ရှိသဖြင့် ကယ်ဆယ်တင်ဆောင်ခဲ့ပြီး သာကေတမြို့နယ် MOGE ဆိပ်ကမ်း လုံခြုံရေးအရာရှိ ရိပ်သာ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးစီးမှူး ဦးမောင်နိုင်ထွန်းထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment