ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းပြောကြားလိုက်တဲ့ ကာပယ်လို

ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ ဂျူဗင်တပ် အသင်းတွေရဲ့ နည်းပြဟောင်းဖြစ်သူ ဖေဘီယို ကာပယ်လိုက ကမ္ဘာ့ဖလားမှာ ကျန်ရှိနေတဲ့ ၄ သင်းအနက် ဘယ်အသင်း ၂ သင်းဟာ ဗိုလ်လုပွဲကို တက်ရောက်လာနိုင်ပြီး ဘယ်အသင်းကတော့ ဗိုလ်စွဲမယ်ဆိုတာကို ခန့်မှန်းပြောကြားသွားခဲ့ပါတယ်။
 
လက်ရှိကမ္ဘာ့ဖလားမှာ ဆန်ကာတင်အသင်း ၄ သင်းသာ ကျန်ရှိတော့တာဖြစ်ပြီး အဆိုပါ ၄ သင်းအနက် ဘယ်လ်ဂျီယံ အသင်းဟာ ပြင်သစ်အသင်းကို ရှုံးနိမ့်ပြီး နှုတ်ဆက် ထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။ အခြား တစ်ဖက်မှာလည်း အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ယှဉ်ပြိုင်ဖို့ကျန်ရှိနေသေးပြီး ၄င်းတို့အနက် ဘယ်အသင်း ၂ သင်းဟာ ဗိုလ်လုပွဲမှာ တွေ့ဆုံပြီး ဘယ်အသင်းက ဗိုလ်စွဲမယ်ဆိုတာကို ကာပယ်လိုက ထုတ်ဖော်ပြောကြား သွားခဲ့တာလည်းးဖြစ်ပါတယ်။
 
ကာပယ်လိုက “ကျွန်တော် အခုလက်ရှိသူတို့ရဲ့ စုဖွဲ့မှုတွေ စွမ်းဆောင်ရည်တွေကို သုံးသပ်ပြီး ပြောရမယ်ဆိုရင် ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့ ပြင်သစ်တို့ တွေ့ဆုံဖို့ရှိနေပြီး ဗိုလ်စွဲဖို့အတွက်ကိုတော့ အင်္ဂလန်ဟာ အခွင့်အရေး သာနေမယ်လို့ ထင်ပါတယ်။ အင်္ဂလန် ဟာ လျှင်လျှင်မြန်မြန် ကစားတဲ့ အသင်းဖြစ်ပြီး ဂါရက်ဆောက်ဂိတ်လို မန်နေဂျာကောင်း တစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး ဆောက်ဂိတ်ဟာ သူသာ ဗဟိုနောက်ခံလူ ၂ ယောက် ထားကစားခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားကနေ စောစောပြန်ရမှာ ကို ကြိုသိထားလို့ နောက်တန်း ၃ ယောက် ကစားကွက်ကို အသုံးပြုခဲ့တာပါ။ နောက်ပြီး သူ့ရဲ့ ဂိုးသမား ရွေးချယ်မှုကလည်း မှန်ကန်တယ်လို့ဆိုရမှာပါ။ သူဟာ ဂျော်ဒန်ပစ်ဖို့ဒ်လို အရည်အချင်းရှိတဲ့ ဂိုးသမားကို ရွေးချယ်နိုင်ခဲ့ပါတယ်။ နောက်ပြီး ပရီးမီးယားလိဂ်က ထူးချွန်တဲ့ လူငယ် ကစားသမားတွေသူ့ဆီမှာ ရှိနေပါတယ်“ လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
 
ဒါ့အပြင် ပြင်သစ်ကြယ်ပွင့် အမ်ဘတ်ပီကိုလည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပြီး အဆိုပါပြင်သစ်စတားနဲ့ ပတ်သက်ပြီးလည်း ကာပယ်လိုက “အမ်ဘတ်ပီနဲ့ နေမာတို့ဟာ အနာဂတ်မှာ စီိရိုနယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့
နေရာကို ဆက်ခံကြမယ့်သူတွေပါ။ ဘတ်ပီဟာ ဘောလုံးစွမ်းရည် အလွန်ကောင်းမွန်ပြီး လျှင်မြန်တဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားသူပါ။ သူဟာ ပေါ်တူဂီစတားအရွယ်ရောက်ရင် သူ့ထက်ကိုသာလွန် ကောင်းမွန်လာမယ့် ကစားသမားတစ်ဦးပါ” လို့ ထပ်မံပြောကြားသွားခဲ့ပါတယ်။
ကာပယ်လို့ဟာ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် အသင်းကို တာဝန်ယူ ကိုင်တွယ်ဖူးသူဖြစ်ပြီး အင်္ဂလန်အသင်းနဲ့အတူ အောင်မြင်မှုရရှိခဲ့ခြင်း မရှိခဲ့ကာ အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို အသိမပေးဘဲ အသင်းခေါင်းဆောင် ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် အင်္ဂလန်အသင်းနဲ့ လမ်းခွဲသွားခဲ့တာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment