ဘယ်ဂျီယံကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်တဲ့ ပြင်သစ် (ပြင်သစ် ၁-၀ ဘယ်လ်ဂျီယံ)

ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပွဲစဉ်မှာတော့ ပြင်သစ်အသင်းဟာ အမ်တီတီရဲ့ တစ်လုံးတည်း သော ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ဘယ်လ်ဂျီယံအသင်းကို အနိုင်ရယူသွားခဲ့ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 
ပြင်သစ်တို့ဟာ ယခင် ပွဲစဉ်တွေကအတိုင်း တိုက်စစ်ပိုင်းမှာ အမ်ဘတ်ပီ၊ ဂရစ်ဇ်မန်း ဂျရုးအစရှိတဲ့ ကစားသမား တွေကိုသာ အသုံးပြုသွားခဲ့ပြီး ဘယ်လ်ဂျီယံတို့ကတော့ ဂိုးသမားနေရာမှာ ယခင်ပွဲစဉ်တွေမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ ကော့တွိုက်စ်ကိုသာ ထပ်မံအသုံးပြုခဲ့ကာ တိုက်စစ်ပိုင်းမှာတော့ ရိုမီရိုလူကာကူ၊ အီဒင်ဟာဇက်၊ ကွင်းလယ်မှာတော့ ဖယ်လိုင်နီ၊ ဒီဘရိုင်းန်တို့ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။
 
ပထမပိုင်းမှာ ဘယ်လ်ဂျီယံတို့ဟာ ပြင်သစ်အသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပြင်သစ်နောက်တန်းဟာ အမှားယွင်းမရှိ ရှင်းထုတ်နိုင်ခဲ့သလို အမ်ဘတ်ဘီ၊ ဂရစ်ဇ်မန်းတို့ရဲ့ လျှင်မြန်တဲ့ ထိုးဖောက်မှုတွေဟာလည်း ဘယ်လ်ဂျီယံ နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ပွဲကစားချိန် ၃၉ မိနစ်မှာ ပါဗက်ရဲ့ အနီးကန်ချက်ဟာ ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ်ရဲ့ခြေထောက်နဲ့ ထိသွားခဲ့လို့ ပြင်သစ်တို့ ဦးဆောင်ဂိုး ၁ ဂိုးနစ်နာခဲ့ရပါတယ်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ပြင်သစ်တို့ဟာ လျှင်မြန်တဲ့ တိုက်စစ်ကို ပိုမို ပုံဖော်လာနိုင်ခဲ့ပြီး ပွဲကစာချိန် ၅၁ မိနစ်မှာတော့ ပြင်သစ်တို့ ဦးဆောင်ဂိုး ကို စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ မတင်ပေးလိုက်တဲ့ ဘောလုံးကို အမ်တီတီက လှလှပပ ဂေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ဦးဆောင်ဂိုးပေးရပြီးနောက်ပိုင်းမှာတော့ ဘယ်လ်ဂျီယံတို့ဟာ ပြင်သစ်အသင်းဘက်ကို ပြန်လည် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၆၄ မိနစ်မှာ ဖယ်လိုင်နီ ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ဂိုးဘေးက ထွက်သွားခဲ့သလို ပွဲကစားချိန် မိနစ် ၈၀ မှာလည်း ၀စ်ဆယ်ရဲ့ ဂိုးအဖြစ်ပြောင်းလဲစေမယ့် အဝေးကန်ချက်ကို ပြင်သစ်ဂိုးသမား လိုရစ်က အကောင်းဆုံး ပုပ်ထုတ်ကာကွယ် သွားနိုင်ခဲ့လို့ ဘယ်လ်ဂျီယံတို့ ခြေပဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။
 
လက်ကျန်မိနစ်တွေမှာတော့ နှစ်ဖက်အသင်းဟာ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ထပ်မံပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ပွဲကစားချိန်ပြီးဆုံးတဲ့ အခါမှာတော့ ပြင်သစ်တို့ဟာ အမ်တီတီရဲ့ တစ်လုံးတည်းသော ခေါင်းတိုက် သွင်းဂိုးနဲ့အတူ ဘယ်လ်ဂျီယံအသင်းကို အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ပြင်သစ်တို့ဟာ ၁၉၉၈ ခုနှစ်မှာ ကမ္ဘာ့လားချန်ပီယံဖြစ်ခဲ့ဖူးပြီး ယခုအကြိမ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ ၃ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပြီး နှစ် ၂၀အတွင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အများဆုံး တက်ရောက်နိုင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပြင်သစ်တို့ဟာ ဗိုလ်လုပွဲမှာတော့ လာမယ့် ကြာသပတေးနေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်၊ ခရိုအေးရှား ပွဲစဉ်မှာ အနိုင်ရရှိလာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာလည်း ဖြစ်ပါတယ်။
The Ladies News
 
 

 

Vote: 
No votes yet

Add new comment