ငွေကြေးကြောင့် ရီးရဲလ်ကထွက်ခွာဖို့ ဆုံးဖြတ်တာ မဟုတ်ကြောင်း ရိုနယ်လ်ဒို ရှင်းလင်းပြောကြား

ရီးရဲယ်​မက်​ဒရစ်​ အသင်းရဲ့ ကစားသမားဖြစ်​သူ ရိုနယ်လ်ဒိုဟာ အသင်း​ပြောင်း​ရွေ့ ဖို့အတွက် ဆန္ဒရှိနေပြီး ၄င်းရဲ့ အနာဂတ်ကိုလည်း မကြာခင်ကြေညာသွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အောင်ပွဲခံအမ်းအနားမှာ 

မီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ အဆိုပါ တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် အောင်မြင်မှုကို ၅ ကြိမ်တိုင် ပိုင်ဆိုင်ထားနိုင်ပြီး တစ်ဦးချင်းဆုတံဆိပ်များစွာအပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု Bllon d'Or ဆုကိုလည်း ၅ ကြိမ် တိုင်တိုင် ဆွတ်ခူးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပြီး ယခုလက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ၄င်းကစားသမားဘ၀ကို အဆုံးသတ်ဖို့လည်း ရှိနေတာဖြစ်ပါတယ်။ 

လီဗာပူးလ်ကို အနိုင်ရပြီး အောင်ပွဲခံအခမ်းအနားမှာ စီရိုနယ်လ်ဒိုက ”ကျွန်တော်အခုတော့ အရမ်းကို ပျော်ရွှင် နေပါတယ်။ အခုက ပျော်ရမယ့်အချိန်ပေါ့။ ဒါပေမယ့် မကြာခင်မှာ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကြေညာသွားဖို့ ရှိပါတယ်။ ကျွန်တော် ပရိသတ်တွေကို ရက်ပိုင်းအတွင်း ဒီကိစ္စကို အသိပေးသွားမှာပါ။ ရီးရဲလ်မှာ ရှိခဲ့တဲ့ အချိန်တွေက ကျွန်တော့်အတွက် အရမ်းကို ပျော်စရာကောင်းခဲ့ပါတယ်" လို့ ထုတ်ဖော်ပြောကြား ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် မီဒီယာတွေက ငွေကြေးကြောင့် အခုလို ဆုံးဖြတ်ဖြစ်တာလားဆိုတဲ့ မီဒီယာရဲ့ အမေးကိုလည်း ရိုနယ်လ်ဒိုက "ကျွန်တော်ဒီလို ဆုံးဖြတ်တာ ငွေကြေးနဲ့ အဝေးကြီးပါ။ အခုအချိန်မှာ ငွေကြေးဆိုတာ ကျွန်တော့်အတွက်  အဓိက ပြဿနာတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်အခု ချန်ပီယံလိဂ်ကို ၅ ကြိမ်ရပြီးပါပြီ။ နောက်ပြီး Ballon d'Or လည်း ၅ ကြိမ် ရပြီးတဲ့ အပြင် တစ်ဦးချင်း ဆုတံဆိပ်တွေများစွာကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပြီး သမိုင်းသစ်တွေ အများကြီး ရေးထိုးနိုင်ခဲ့ပါပြီ။ ကျွန်တော် ရရှိခဲ့တဲ့ အောင်မြင်မှုတွေက အခုပြောနေတာတွေထက် ပိုတယ်ဆိုတာလည်း ခင်ဗျားတို့ သိပြီးဖြစ်မှာပါ။ အခုလို ကျွန်တော် ဆုံးဖြတ်လိုက်လို့လည်း အသင်းက စိတ်ပျက်နေမယ်လို့ မထင်ပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော် ကလပ်အတွက် အများကြီး ပေးဆပ်ပြီးသွားပါပြီ။ ကျွန်တော် ဘာတွေဆက်လုပ်ဖြစ်မယ် ဆိုတာတော့ အတိအကျမသိသေးပါဘူး။ ဒီအကြောင်းတွေကိုလည်း သိပ်မကြာခင် ကျွန်တော် ပရိသတ်တွေကို အသိပေးသွားမှာပါ။ အခုအချိန်ကတော့ အောင်ပွဲခံနေတော့ ဒါတွေ မပြောချင်သေးပါဘူး” လို့ ရိုနယ်လ်ဒိုက ထပ်မံထုတ်ဖော် ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ရီးရဲလ်ဥက္ကဌကြီး ပီရက်ဇ်နဲ့ အဆင်မပြေတာတွေကြောင့် အခုလို ဆုံးဖြတ်ဖြစ်တာလားဆိုတဲ့ အမေးကိုလည်း ၄င်းက "သူနဲ့ ကျွန်တော့်ကြားမှာ ဘာပြဿနာမှ ရှိမနေပါဘူး။ သူနဲ့ ကျွန်တော် စကားတွေအများကြီး ပြောဖြစ်ပါတယ်။ အားလုံး အဆင်ပြေနေပါတယ်" လို့ အဆိုပါကစားသမားက ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ 

The Ladies News

Vote: 
No votes yet

Add new comment