အမေရိကန်နိုင်ငံ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရတဲ့ မုဒြာရဲ့ခေါ်သံ ဇာတ်ကား

ဒါရိုက်တာ ခရစ်(စ)တီးနားခီ ရိုက်ကူးထားတဲ့ သူမရဲ့ ပထမဆုံး အနုပညာလက်ရာဖြစ်တဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာမှာ လည်း ဆုတံဆိပ်တွေပိုင်ဆိုင်ထားနိုင်ခဲ့သလို မြန်မာနိုင်ငံ ရုပ်ရှင်လောကကိုလည်း ယနေ့ထိတိုင် လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ အဆိုပါဇာတ်ကားဟာ မြန်မာ့ ရုပ်ရှင်ရုံကြီးတွေမှာ လည်း ရက်သတ္တပတ်ပေါင်းများစွာ ထပ်တိုးပြသခွင့်ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး အဓိက သရုပ်ဆောင်တွေအဖြစ် မျက်နှာသစ် မင်းသား ဇဏ်ခီ နဲ့ မင်းသမီး လှယဉ်ကျေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သရုပ်ဆောင်များရဲ့ အပိုအလိုမရှိဘဲ သဘာဝကျကျ သရုပ်ဆောင်နိုင်မှု၊ မြန်မာ့သဘာဝ အလှအပများနဲ့ ယဉ်ကျေးမှုတွေကို ဖော်ကျူးထားမှု၊ ဇာတ်လမ်းဇာတ်ကွက် ကောင်းမွန်မှု၊ ရိုက်ကူးတင်ဆက်ပုံ ကောင်းမွန်မှုတွေကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်ချစ်ပရိသတ်များသာမက နိုင်ငံတကာမှာရှိတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ချီးကျူးဂုဏ်ပြုမှုတွေကို အခိုင်အမာ ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။
 
ယခုအခါမှာလည်း အဆိုပါ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားဟာ မကြာခင် အမေရိကန်နိုင်ငံ Fort Wayne မြို့နယ်မှာ ကျင်းပပြုလုပ်မယ့် Hobnobben Film Festival မှာ ပြသဖို့အတွက် ရွေးချယ် ခံရတယ်လို့ သိရပြီး အဆိုပါ အကြောင်းကိုတော့ မုဒြာရဲ့ခေါ်သံ Official Page မှ ပုံနှင့်တကွ အခုလို ရေးသားဖော်ပြထားပါတယ်။
 
“ Hello, Hello!!
Happy New Year!!
နှစ်သစ်မှာ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ရဲ့ Fan တွေအတွက် သတင်းကောင်းလေး ရှယ်ပေးချင်ပါတယ်။
အမေရိကန်နိုင်ငံ Indiana ပြည်နယ် Fort Wayne မြို့နယ် မှာကျင်းပမယ့် Hobnobben Film Festival မှ Mudras Calling(မုဒြာရဲ့ခေါ်သံ) ရုပ်ရှင်ကို ရွေးချယ်ကြောင်း အကြောင်းကြားလာပါတယ်။
 
ရုပ်ရှင် ပွဲတော်ကို ဇွန်လ ၇ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ပြသမည့် နေ့ရက် အချိန်ကို ထပ်မံကြေညာပေးသွားပါမယ်နော်!! “
“ Do we have any fans in Fort Wayne, Indiana?!? Mudras Calling is an Official Selection for the upcoming Hobnobben Film Festival! This would be an U.S. Premiere for Mudras Calling.
As soon as we have information about our screening date and how to attend the screening we will let you know - the Festival will take place from June 7-10.
#HobnobbenFilmFestival #FortWayne #USA “ လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ ဇာတ်ကားမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ဇဏ်ခီကလည်း “HAPPY NEW YEAR!!!
မုဒြာ ကို ယူအက်စ်အေ မှာ ပထမဦးဆုံးပြသဖို့ ရွေးချယ်ခံလိုက်ရပါပြီ။ Congratulations Mudras team!!!
#GoMUDRAS “ လို့ သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
 
The ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment