အယ်ဂျီးရီးယားတွင် စစ်လေယာဉ်ပျက်ကျမှုကြောင့် အနည်းဆုံးလူပေါင်း ၁၀၀ ၀န်းကျင်သေဆုံး

အယ်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က စစ်သုံးလေယာဉ် ပျက်ကျမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၀၀ ၀န်းကျင် သေဆုံးမည်ဖြစ်ကြောင်း အေပီသတင်းဖော်ပြချက်အရ သိရသည်။
 
ဒေသခံသတင်းဝက်ဆိုဒ် တစ်ခုဖြစ်သည့်TSA အဆိုအရ လူ ၁၀၅ ဦးခန့် သေဆုံးနိုင်ကြောင်း လေကြောင်း ၀န်ဆောင်မှုရုံးသို့ ဆက်သွယ်ရာတွင် လတ်တလော အခြေအနေနှင့် ပတ်သက်ပြီးပြောသည်။
 
ဆိုဗီယမ်ဒီဇိုင်းယူထားသည့် Ilyushin-76 စစ်သုံးသယ်ယူပို့ဆောင်ရေး လေယာဉ်သည် Boufarik စစ်အခြေစိုက် စခန်းအနီးရှိ လယ်ကွင်းတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
 
လေယာဉ်ပျက်ကျမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တိတိကျကျ မသိရသေးကြောင်းနှင့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းဆိုသည်။
 
“လူအယောက် ၁၀၀ ကျော်ထက် သေဆုံးမှုရှိတယ်။ ဒီအခြေအနေမှာ ဘယ်လောက်ထိရှိတယ်ဆိုတာ အတိအကျပြောလို့ မရသေးပါဘူး”ဟု လေကြောင်းကာကွယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Mohammed Achour က အေပီသတင်းဌာနသို့ ပြောကြားကြောင်း ဖော်ပြထားသည်။
 
၎င်းကဆက်လက်ပြီး အဆိုပါလေယာဉ်သည် စစ်သားများကို သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် သေဆုံးမိသားစုဝင်များထဲသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောသည်။
 
အခင်းဖြစ်ပွားသည့်အချိန်တွင် ရာပေါင်းများစွာသော လူနာတင်ယာဉ်များနှင့် ဒါဇင်ပေါင်းများစွာသော မီးသတ်ယာဉ် များက အုတ်သြစွဲကာ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြကြောင်းဆိုသည်။
 
လေယာဉ်သည့် မြို့တော် အယ်ဂျီယား၏ အနောက်တောင်ဘက် မိုင် ၂၀ အကွာ(ကီလိုမီတာ ၃၀)ခန့်တွင်ရှိသည့် Boufarik တွင် ပျက်ကျသွားခြင်းဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
 
Ref:,AP , Radio Algerie
The Ladies News
 

 

Vote: 
No votes yet

Add new comment