အမေရိကားမှာ စတင်တော့မယ့် ဥက္ကာမင်းမောင်ရဲ့ အနုပညာခြေလှမ်းသစ်

သီချင်းတွေလည်း သီဆိုဖျော်ဖြေလေ့ရှိပြီး Mister Tourism World 2016 ဆုကိုလည်း ပိုင်ဆိုင်ထားတဲ့ ဥက္ကာမင်းမောင် ကတော့ သူ့ရဲ့ အနုပညာခြေလှမ်းသစ်တွေကို အမေရိကားမှာ စတင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ သူဟာ Dead Of Night Short Film အတွက် Audition ၀င်ပြိုင်ထားရာမှ ရွေးချယ်ခြင်းခံခဲ့ရပြီဖြစ်ပြီး အမေရိကားမှာ အနုပညာခြေလှမ်းသစ် စတင်နိုင်တော့မယ့်အကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ
အခုလို ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။
 
"မထင်မှတ်တဲ့ သတင်းကောင်းတစ်ခုပါပဲ.. New York မှာ ရိုက်မယ့် Dead Of Night Short Film အတွက် Audition ၀င်ပြိုင်ထားတာ ကျွန်တော်အရွေးခံရပါတယ်။ ပရိသတ်တွေအားလုံး ဆုတောင်းပေးခဲ့တာ ဆုတောင်းပြည့်ခဲ့ပြီ။ ၀မ်းသာလွန်းလို့ ဘာပြောရမှန်းတောင်မသိ။ Lending Role ရိုက်ရမှာပါ။ Super Natural Thriller အမျိုးအစား March လထဲ Spring အချိန်မှာ ရိုက်မယ်ပြောပါတယ်။ အမေရိကားမှာ ပထမဆုံးသရုပ်ဆောင် စလုပ်ဖြစ်မယ့် ကျွန်တော့်ရဲ့ အနုပညာခရီးအစပါပဲ။ ယှဉ်ပြိုင်မှုတွေများတဲ့ နိုင်ငံ Asian တွေအတွက် အခွင့်အရေးနည်းတဲ့ နိုင်ငံ အများကြီး လျှောက်ထားသော်လည်း Call back ကပြန်မလာတော့ မျှော်လင့်ချက်တောင် သိပ်မရှိတော့တာ။ သူတို့ပို့တဲ့ Monologue ကို ဗားရှင်း ၂ မျိုးနဲ့ သရုပ်ဆောင်ပြီး ပို့လိုက်တာပါ။ ကျွန်တော် အစွမ်းကုန်ကြိုးစား သွားပါမယ်။ နောက်ထပ်လည်း Audition တွေ ထပ်ပြိုင်သွားမယ်။ ဖေကြီး သိရင်သိပ်ပျော်မှာပဲ။ သူ့သားအတွက် ဖေကြီး ကောင်းကင်ဘုံကနေရာကနေ ကြည်နူးနေမှာ ကျွန်တော်သိတယ်" လို့ ဥက္ကာမင်းမောင်က ရေးသား မျှဝေထားတာ ဖြစ်ပါတယ်။
 
ဥက္ကာမင်းမောင်ဟာ လာမယ့် ဇွန်လ အီတလီမှကျင်းပပြုလုပ်မယ့် Mister ပြိုင်ပွဲကြီးမှာလည်း ဒိုင်လူကြီးအဖြစ် ပါဝင်ဖို့ ဖိတ်ကြားခံထားရတယ်လို့ သိရပြီး အီတလီမြေကို တစ်ခါမှ မရောက်ဖူးသေးတာကြောင့်လည်း
စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment