ဂျပန် မီးတောင်ကြီးတစ်ခု အချိန်မရွေးပေါက်ကွဲနိုင်ပြီး လူသန်းပေါင်းများစွာ သေဆုံးနိုင်ချေရှိ

ဂျပန်နိုင်ငံအနီးမှာရှိတဲ့ ကီကိုင်မီးတောင်ကြီးဟာ အချိန်မရွေးပေါက်ကွဲလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပြီး အဆိုပါဖြစ်စဉ်ဟာ လူသန်းပေါင်းများစွာ သေကြေပျက်စီးနိုင်တယ်လို့ သိရပါတယ်။
 
"ကီကိုင်မီးတောင်ကြီးက အချိန်မရွေးပေါက်ကွဲနိုင်ပြီး လူသန်းပေါင်းများစွာ သေဆုံးနိုင်ချေရှိပါတယ်။ ဒီကြီးမားတဲ့ ပေါက်ကွဲမှုကြီးကြောင့် မီးတောင် ဆောင်းရာသီကိုပါ ဖြစ်ပေါ်လာဖို့ရှိနေပါတယ်" လို့ သိပ္ပံ သုတေသနပညာရှင် တစ်ဦးက ဆိုထားပါတယ်။
 
သိပ္ပံသုတေသန ပညာရှင်များဟာ မီးတောင်အတွင်း ၃၂ ကုဗကီလိုမီတာ ရှိတဲ့ ချော်ရည်အစိုင်အခဲ အတုံးကြီးကို တွေ့ရှိခဲ့ကြတာဖြစ်ပြီး မျက်နှာပြင် မညီညာမှုတွေကြောင့် အဆိုပါ မီးတောင်ကြီးဟာ ပိုမို ကြီးထွားလာ နိုင်တယ်လို့ ခန့်မှန်းထားကြတာလည်း ဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာတော ၁၀ ကီလိုမီတာ အကျယ်နဲ့ ၆၀၀ မီတာ အမြင့်ရှိနေပြီလို့ သိရပါတယ်။
 
ယခုလက်ရှိ ဖြစ်ပေါ်တည်ရှိနေတဲ့ ချော်ရည်တုံးကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃၀၀ ခန့်က ကြီးမားတဲ့ မီးတောင်တစ်ခု ပြင်းထန်စွာ ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်းကို ကိုဘေ့တက္ကသိုလ် (KOBEC) မှ သုတေသန ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့တာဖြစ်ပြီး ယခုပေါက်ကွဲမှုဟာ ကြီးမားပြင်းထန်ပြီး တောင်ပိုင်းမှာနေထိုင်တဲ့ ဂျပန်လူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
 
အဆိုပါ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် နေရောင်ကို ပိတ်သွားစေမှာဖြစ်ပြီး မီးတောင် ဆောင်းရာသီဥတုကို ဖြစ်ပေါ်စေမည့်အပြင် ဂျပန်၊ ထိုင်ဝမ်၊ တရုတ် ၊ အမေရိက ကမ်းရိုးတန်းဒေသများအထိ သက်ရောက်နိုင်မယ့်
ဆူနာမီမုန်တိုင်း ဖြစ်ပေါ်စေနိုင်တယ်လို့လည်း သိရပါတယ်။
 
ဂျပန်နိုင်ငံ သုတေသန ပညာရှင်များကတော့ မြေငလျင်နဲ့ အဆိုပါမီးတောင်အတွက် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး နောက်ထပ်လည်း အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Ref:Unilad
The Ladies News
 

 

Vote: 
No votes yet

Add new comment