အဓမ္မပြုကျင့်ခံရသည့် အသက် ၂ နှစ်အရွယ်ကလေးငယ် သေဆုံး

မတ္တရာမြို့နယ် အတွင်း အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဖေဖော်ဝါရီ ၁၃ ရက်က အဓမ္မပြုကျင့်ခံခဲ့ရပြီး ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
မတ္တရာမြို့နယ် ရေချောင်းဘိုကျေးရွာရှိ ငှက်ပျောစိုက်ခင်း၏ အရှေ့ဘက်ကန်သင်းရိုးစပ်၌ မ×××××(၂)နှစ်အား ဖြိုးထက်အောင် (၂၅)နှစ်မှ သားမယားပြုကျင့်နေသည်ကို ဒေါ်သီး(စိစစ်ဆဲ)မှ တွေ့ရှိရ၍ အော်ဟစ်ပြောဆိုစဉ် ဖြိုးထက်အောင်မှာ ထွက်ပြေးသွားခဲ့ကြောင်း ၊ မ×××××အား မတ္တရာဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖြိုးထက်အောင်(ဖမ်းမိ)အား ရေနံ့သာ နယ်မြေရဲစခန်းမှ (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ (မုဒိမ်းမု/လူသတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment