အိုဇေးလ်ထက် ဟာဇက်ဟာ ၄င်းအတွက် ပိုမိုကောင်းမွန်တဲ့ အသင်းဖော်ဖြစ်တယ်လို့ ဂျီရူးဖွင့်ဟ

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး အိုလီဗာ ဂျီရူးဟာ ဂိုးသမား သီဗျု့ကော်တွိုက်နဲ့ တောင်ပံကစားသမား အီဒင်ဟာဇက်တို့ ၂ ဦးကို စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပြီး အာဆင်နယ်အသင်းမှာ တွဲကစားဖူးတဲ့ အိုဇေးလ်ထက် ဟာဇက်နဲ့အတူ တွဲဖက်ပြီး အကောင်းဆုံးတိုက်စစ်ကို ပိုမိုပုံဖော်နိုင်လိမ့် မယ်လို့ ဖွင့်ဟလိုက်ပါတယ်။
 
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျီရူးနဲ့ အိုဇေးလ်းတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှစတင်ကာ အာဆင်နယ်အသင်းမှာ တွဲဖက်ကစားလာကြ တာဖြစ်ပြီး ၄င်းတို့ ၂ ဦးဟာ အသင်းနဲ့အတူ အက်ဖ်အေဖလား ၂ ကြိမ် ဆွတ်ခူး ထားနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ချဲလ်ဆီးအသင်းကို မကြာသေးမီက ရောက်ရှိသွားတဲ့ တိုက်စစ်မှူးသစ် ဂျီရူးက အိုဇေးလ်နဲ့ တွဲဖက်ကစားရတာထက် ဟာဇက်နဲ့ တွဲဖက်ပြီး ပိုပိုကောင်းမွန်တဲ့ တိုက်စစ်ကို ပုံဖော်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။
 
ဂျီရူးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၀က်ဘရွန်းကို ၃-၀ ဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တောင်ပံကစားသမား ဟာဇက်နဲ့ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ ဟာဇက်နဲ့ တွဲဖက်ကစားရတာဟာ အိုဖေးလ်းနဲ့ တွဲဖက်ကစားရတာထက် ပိုပြီး သက်တောင့်သက်သာ ရှိကြောင်းကိုလည်း အခုလို ဖွင့်ဟထားပါတယ်။
 
ဂျီရူးက "ကော်တွိုက်နဲ့ ဟာဇက်ဟာ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။ သူတို့ ချဲလ်ဆီးကို ရောက်တာကြာပြီဖြစ်သလို အသင်းအတွက်လည်း အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေကြသူတွေပါ။ သူတို့ဟာ ကွင်းထဲမှာတင် ကောင်းတာမဟုတ်ပဲ ကွင်းပြင်မှာလည်း အရမ်းကို ဖော်ရွေကြသူတွေပါ။ ဟာဇက်နဲ့ အကောင်းဆုံး တွဲဖက်ကစားနိုင်တာဟာ ရိုးရှင်းပါတယ်။ သူက ပွဲကို ဘယ်လို ပုံဖော်ကစားရမယ်ဆိုတာကို သိရှိထားပြီး ဘောလုံးစွမ်းရည် ပြည့်ဝနေသူဖြစ်နေလို့ပါ။ ၀က်ဘရွန်းနဲ့ပွဲမှာ သူကျွန်တော့်ကို ဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ နောက်တစ်ပွဲမှာ ဂိုးတွေသွင်းယူနိုင်ဖို့အတွက် ကြိုးစားသွားမှာပါ" လို့ ဖွင့်ဟပြောကြားထားတာ ဖြစ်ပါတယ်။
 
The ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment