အဖြူမှုန့်တွေပါဝင်တဲ့လက်ဆောင်ကို ဖွင်ကြည့်မိပြီးနောက် ဆေးရုံသို့ ချက်ချင်းဆေးစစ်မှုခံယူခဲ့ရတဲ့ ဒေါ်နယ်လ်ထရမ့်ရဲ့ချွေးမ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ချွေးမဖြစ်သူ ဗနက်ဆာထရမ့်ဟာ လက်ဆောင်တစ်ခုကို ဖွင့်ကြည့်ရင်း ထူးခြားတဲ့ အဖြူမှုန့်တွေကို တွေ့ရှိခဲ့တာကြောင့် ဆေးရုံသို့ ချက်ချင်းသွားရောက် ဆေးစစ်မှု ခံယူခဲ့တယ်လို့ သိရပါတယ်။

သူမဟာ မိခင်ဖြစ်သူအိမ်သို့ ရောက်ရှိနေစဉ် သူမ၏ ခင်ပွန်း ဒေါ်နယ်ထရမ့်ဂျေအာ အတွက် တစ်စုံတစ်ဦးက ပေးပို့လိုက်တဲ့ လက်ဆောင်ကို ဖွင့်ဖောက်ကြည့်လိုက်ရာမှ ထူးခြားတဲ့ အဖြူမှုန့်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူမဟာ အဆိုပါအမှုန့်တွေကို တွေ့တွေ့ချင်းပဲ ၉၁၁ သို့ ချက်ချင်းဖုန်းဆက်ခဲ့တာ ဖြစ်ပြီး မိခင်အပြင် အခြားအဖော် တစ်ဦးကိုခေါ်ကာ အနီးရှိ မန်ဟက်တန်ဆေးရုံမှာ ဆေးစစ်မှု ချက်ချင်းပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

စာအိတ်ထဲတွင် အဖြူမှုန့်များနဲ့အတူ စာတစ်စောင်ပါရှိတယ်လို့သိရပြီး အဆိုပါစာမှာ ထရမ့်ဂျေအာကို ကြောက်မက်ဖွယ် လူတစ်ဦးအဖြစ် ရေးသားထားကာ ခြိမ်းခြောက်ပြောဆိုမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးမှုအရ ထိုအဖြူမှုန့်များမှာ ပြောင်းဆန်မှုန့်တွေသာ ဖြစ်တယ်လို့ သိရပြီး ခြိမ်းခြောက်စာရေးသားမှုနဲ့ ပတ်သက်ပြီး တရားခံကို ဖော်ထုတ်ဖို့ နယူးယောက်ခ်ရဲတပ်ဖွဲ့များက သမ္မတ ကိုယ်ရံတော် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

The Ladies News

Vote: 
No votes yet

Add new comment