VIBER မှ မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS)တွင် ပူးပေါင်းပါဝင်

မိသားစုဝင်များနှင့် သူငယ်ချင်းမိတ်ဆွေများကို ပွေ့ပိုက်သည့်ပုံများနှင့် ချစ်ခြင်းမေတ္တာများပေးပို့သည့် ပုံများကို Viber မှာ ပို့နေကြသည့် တစ်ချိန်တည်းမှာပင် အန္တရာယ်ကျရောက်နေသညသည့် မြန်မာ့ဆင်မျများကိုလည်း ဝိုင်းဝန်း အကာအကွယ်ပေးသည့် သဘောဆန္ဒဖြင့် ကူညီဝန်းရံပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
 
Viber နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF-Myanmar) တို့သည် မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) လှုပ်ရှားမှုအတွက် ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်ရှိသည့် Viber အသုံးပြုသူများ အတွက် မိုမိုတို့၏စတစ်ကာလေးများကို အခမဲ့ဒေါင်းလုတ်ဆွဲကာ ရယူသုံးစွဲနိုင်အောင် လုပ်ဆောင်ထားကြောင်း သိရသည်။
 
ထို့အပြင် WWF–Myanmar ၏ public account ကို follow လုပ်ကာ တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင် ရောင်းချနေမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့်ကိစ္စနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
Viber နှင့် မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ၏ အဖွဲ့ဝင်ဖြစ်သော WWF-Myanmar တို့၏ ပူးပေါင်းမှုတွင် စတစ်ကာပုံများ၊ public account နှင့် public chat တို့ ပါဝင်မည်ဖြစ်သည်။
 
ထို့ပြင် premium Free & Follow feature အဖြစ် Viber သုံးစွဲသူများအနေနှင့် စတစ်ကာများ ဒေါင်းလုတ်ဆွဲရာမှ တစ်ဆင့် WWF-Myanmar Public Account ကို အလိုလျောက် follow လုပ်နိုင်ရန် စီမံထားကြောင်း သိရသည်။
 
Viber နှင့် WWF-Myanmar ပူးပေါင်းမှုသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ခဲ့ပြီး WWF-Myanmar Public Account တွင် follower ဦးရေ ၁၀၂,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။
 
Viber ၏ Head of Southeast Asia ဖြစ်သူ Anubhav Nayyar မှ “ WWF-Myanmar နဲ့ အခုလိုပူးပေါင်းပြီး VOICES FOR MOMOS လိုမျိုး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ကြီးမားတဲ့ လှုပ်ရှားမှုမျိုးမှာ တစ်စိတ် တစ်ဒေသ အနေနဲ့ ပါဝင်ခွင့်ရတာကို ကျွန်တော်တို့အနေနဲ့ အရမ်းပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ရဲ့ Viber က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအကြား အရေးကြီးတဲ့ သတင်းအချက်အလက်တွေ အချင်းချင်း ချိတ်ဆက်ဖြန့်ဝေနိုင်ဖို့ ထိထိရောက်ရောက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနေနိုင်တဲ့ အတွက်လည်း အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။
 
မိုမိုတို့၏ စတစ်ကာလေးများကို နေ့စဉ်လူအများ သုံးစွဲမှုများပြားသော မက်ဆေ့ခ်ျများဖြစ်သည့် ‘ကျေးဇူးတင်ပါတယ်’ ၊ ‘ချီးယားစ်’၊ ‘မတွေ့တာကြာပြီနော်’ အစရှိသည့် စကားလုံးများနှင့်အတူ ချစ်စရာဆင်ရုပ်ကလေးများဖြင့် ပုံဖော်ထားသည်။ ၎င်းစတစ်ကာများကို Viber ရှိ Myanmar Sticker Market တွင် ယခုအပတ်မှစတင်၍ ၃ လအတွင်း အခမဲ့ဒေါင်းလုတ်ဆွဲ ရယူနိုင်မည်ဖြစ်သည်။
 
WWF-Myanmar ၏ Country Manager ဖြစ်သော Christy Williams မှ “အခုလိုဒစ်ဂျစ်တယ်ခေတ်ကြီးမှာ လူအချင်းချင်းဆက်သွယ်တဲ့အခါ ဒီလိုမျိုးနည်းပညာတွေသုံးတာထက် ပိုထိရောက်တာမရှိနိုင်ပါဘူး။ WWF-Myanmar public account ကို follow လုပ်ထားသူတွေဟာ နောက်ဆုံးသတင်းအချက်အလက်တွေနဲ့ သူတို့ လုပ်ဆောင်ပေး နိုင်တာတွေကို သိရှိရမှာသေချာပါတယ်။ ဥပမာ - တစ်နိုင်ငံလုံးအနှံ့ ဆင်ခန္ဓာကိုယ်ကရတဲ့ ပစ္စည်းတွေ ကူးသန်းရောင်းဝယ်နေမှုကို အဆုံးသတ်ပြီး ကျွန်တော်တို့ရဲ့မိုမိုတွေကိုဘေးကင်းအောင် ကာကွယ်ဖို့အတွက် စုပေါင်းဆန္ဒပြုလက်မှတ်ကို ဘယ်လိုလက်မှတ်ရေးထိုးရမယ်ဆိုတာတွေနဲ့ တခြားဆင်နဲ့ပတ်သက်တဲ့ သတင်းတွေကို အဆက်မပြတ်ရရှိနေမှာဖြစ်ပါတယ်။ အင်တာနက်မှ တဆင့် ဖုန်းခေါ်တဲ့နေရာမှာရော၊ မက်ဆေ့ခ်ျပေးပို့တဲ့အခါမှာရော မြန်မာနိုင်ငံမှာ ဦးဆောင်နေတဲ့ အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ Viber က အခုလို ကူညီ ပံ့ပိုးမှုတွေ ပေးတဲ့အတွက်လည်း ကျေးဇူးအရမ်းတင်မိပါတယ်။ အခုလိုပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် မြန်မာ့ဆင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူလူထုက ပိုမိုသိရှိလာမယ်၊ အများပြည်သူကို ဆင်နဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ ပိုပြီး ထိတွေ့နိုင်အောင်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။
 
မိုမိုတို့၏စတစ်ကာလေးများကိုhttp://www.viber.com/stickers/momo_voices_mmတွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။ WWF-Myanmar Public Account ကို http://bit.ly/viberwwfmyanmar မှတဆင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment