အနုပညာအလုပ်တွေကို တရားဝင် ပြန်လည်လုပ်ပိုင်ခွင့် ရရှိသွားပြီဖြစ်တဲ့ ဖိုက်တင်မင်းသား ရဲမင်းပိုင်

မြန်မာပြည်နဲ့အတူ အနုပညာအလုပ်တွေကို ၁၄ နှစ်နီးပါးကြာအောင် စွန့်လွှတ်ခဲ့ရပြီး အမေရိကန်နိုင်ငံ မြို့လေးတစ်မြို့ မှာ မိသားစုနဲ့အတူ နေထိုင်နေခဲ့တဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး ဖိုက်တင်မင်းသား ရဲမင်းပိုင်ကတော့ သူ့ရဲ့ အနုပညာအလုပ်တွေကို တရားဝင်ပြန်လည် လုပ်ကိုင်ခွင့် ရရှိသွားလို့ သိရပါတယ်။ သရုပ်ဆောင် ရဲမင်းပိုင်ကို အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများက ရုပ်ရှင်အစည်းအရုံးဝင်ကတ်ကို တရားဝင် ထုတ်ပေးလိုက်တာဖြစ်ပြီး အဓိကသရုပ်ဆောင် အဖြစ် သရုပ်ဆောင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။
 
ရုပ်ရှင်အစည်းအရုံးဝင်ကတ်ကို ရရှိခဲ့တဲ့ ဖိုက်တင်မင်းသားကြီးကတော့ ဦးဇင်ဝိုင်းအပါအ၀င် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို ရေးသားဖော်ပြထားပါတယ်။
 
"မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာသရုပ်ဆောင်အလုပ်ကို ပြန်လည် လုပ်ဆောင်ဖို့အတွက် ခွင့်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကြီးအကဲများနဲ့ ဦးဇင်ဝိုင်း၊ တာဝန်ရှိသူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်" ဆိုပြီး ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
 
တစ်ခေတ်တစ်ခါက ဖိုက်တင်မင်းသားကြီး တစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ ရဲမင်းပိုင်ဟာ အနုပညာ အလုပ်တွေကို ပြန်လည်လုပ်ဆောင်ဖို့ အတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့ကမှ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ရုပ်ရှင်အစည်းအရုံးဝင်ကတ်ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment