ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်မယ့် ဆယ်လီနာဂိုးမက်ဇ်

ချစ်စရာကောင်းပြီး အသံအေးအေး ချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ နာမည်ကြီး အဆိုတော် ဆယ်လီနာဂိုးမက်ဇ်ဟာ မကြာခင်မှာ စတင်ရိုက်ကူးတော့မှာ ဖြစ်တဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားမှာ နောက်ခံ အသံသရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
 
သူမဟာ နာမည်ကျော် မင်းသာကြီး Robert Downey jr ဆရာဝန်တစ်ယောက်အဖြစ် အဓိကဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ The Voyage Of Doctor Dolittle ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားဟာ ၁၉၂၀ ခုနှစ်က (Children's Book) ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး
တိရစ္ဆာန်လေးတွေကို စကားပြောနိုင်တဲ့ စွမ်းရည်ရှိတဲ့ ဆရာဝန်တစ်ယောက် အကြောင်းကို ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ မင်းသမီးချောလေး ဆယ်လီနာကတော့ အဆိုပါဇာတ်ကားမှာ ပါဝင်တဲ့ တိရစ္ဆာန်လေးတွေရဲ့ အသံကို သရုပ်ဆောင်ရမှာဖြစ်ပြီး အခြားအသံသရုပ်ဆောင်တွေအဖြစ် Tom Holland, Emma Thompson နဲ့ Ralph Fiennes တို့က ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
 
အဆိုတော် ဆယ်လီနာဂိုးမက်ဇ်ဟာ ငယ်စဉ်က ရုပ်ရှင်ဇာတ်လမ်းတွဲ အချို့မှာ ကလေးသရုပ်ဆောင် တစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ဖူးတယ်လို့ သိရပြီး နောက်ပိုင်းမှာ အဆိုပိုင်းကို ဦးစားပေး လုပ်ကိုင်လာခဲ့တာကြောင့် ယခုလက်ရှိမှာ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ ယခင်က ထွက်ရှိခဲ့ဖူးတဲ့ Hotel Transylvania ဇာတ်ကားမှာလည်း နောက်ခံအသံသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင် ဖူးတယ်လို့သိရပြီး အဆိုပါဇာတ်ကားဟာလည်း လူအများ ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
Ref: Justjared
The ladies News
 

 

Vote: 
No votes yet

Add new comment