ဘွဲ့မရခဲ့တဲ့အတွက် မိဘတွေအပေါ် တာဝန်မကျေသလို ခံစားရတယ် ဆိုတဲ့ အေးမြတ်သူ

မိဘတွေ စိတ်ချမ်းသာအောင် ဘွဲ့တစ်ခုခု ရအောင်ယူချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့မရခဲ့တဲ့ သရုပ်ဆောင် အေးမြတ်သူက သူမရဲ့ခံစားချက်ကို ရင်ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ တက္ကသိုလ်နယ်မြေမှာ ခြေမချဖူးသေးတဲ့ သူမဟာ အမှတ်မထင် ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့ ကြုံတွေ့ရချိန်မှာ ပိုခံစားရကြောင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ အခုလို ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
 
"ဒီနေရာ.. ဒီဝန်းကျင်လေးမှာ ရှင်သန်ကြီးပြင်းခဲ့ချင်ပေမယ့် ဘ၀အလှည့်အပြောင်း အကောင်းအဆိုးတွေကြောင့် အနီးဆုံးမှာ နေချင်ပေမယ့် အဝေးဆုံးမှာ နေခဲ့ရတယ်။ ဘွဲ့တစ်ခုမရခဲ့တဲ့အတွက် မိဘတွေအပေါ် တာဝန်မကျေသလို ခံစားနေရတယ်။ ဖေကြီးနဲ့ မေကြီးတို့ အတွက် ဘွဲ့တစ်ခုလောက်လိုချင်မိတာ စစ်မှန်သောသစ္စာစကားပါ။ ၃၂ နှစ် ဒီနေ့မှ တက္ကသိုလ်မြေပေါ် အဓိပတိလမ်းမကြီးပေါ် လျှောက်ဖူးတယ်။ ဒီနေ့မှ ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့ ကြုံဆုံခဲ့ရတော့ ပိုခံစားရတယ်" လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
 
သူမဟာ သူမရဲ့ ကြိုးစားမှုတွေအတွက် မိဘနှစ်ပါးရဲ့ပါးပြင်ပေါ်က ဂုဏ်ယူဖွယ် ၀မ်းသာပီတိ အပြုံးတွေကို မြင်တွေ့လိုတာ ဖြစ်ကြောင်းကိုလည်း အခုလိုရေးသားဖော်ပြ ထားပါသေးတယ်။
 
"မိသားစုတွေ မောင်နှမတွေ အထူးသဖြင့် မိဘတွေရဲ့ ဂုဏ်ယူအပြုံးတွေကို ဖေကြီး၊ မေကြီးတို့ မျက်နှာပေါ်မှာ ဆင်မြန်းပေးချင်မိတယ်။ ဒီစာလေးကို ဖတ်မိတဲ့ ညီမလေး.. မောင်လေးတို့ မမြတ်လေးထက် မိဘအပေါ် တာဝန်ကျေသော သားသမီးများ ဖြစ်ကြပါစေရှင်" လို့ သူမရဲ့ ခံစားချက်ကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
 
သရုပ်ဆောင် အေးမြတ်သူဟာ လက်ရှိ သရုပ်ဆောင်လောကမှာ အောင်မြင်လျက်ရှိပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
 
The Ladies News
Photo: Aye Myat Thu FB
 

 

Vote: 
No votes yet

Add new comment