စွမ်းဆောင်ရည်ပိုင်း ပြသ၁နာရှိနေတာကြောင့် MI A1 စမတ်ဖုန်းအတွက် 8.0 Oreo Update ကို ရပ်ဆိုင်းလိုက်တဲ့ Xiaomi

တရုတ်နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ၄င်းတို့ ထုတ်လုပ်ထားတဲ့ MI A1 စမတ်ဖုန်းကို Android 8.0 Oreo ဗားရှင်း Update ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
 
ယခုအချိန်မှာတော့ အဆိုပါဖုန်းအတွက် ထုတ်လုပ်ပေးထားတဲ့ Andoid 8.0 Oreo Update ကို ပြန်လည် ရပ်ဆိုင်းလိုက်ပြီလို့ သိရှိရပါတယ်။ အဆိုပါ Android 8.0 Oreo အသုံးပြုထားတဲ့ ဖုန်းများဟာ အပလီကေးရှင်းများ အသုံးပြုနေရင်း ပြန်ထွက်သွားတာတွေ၊ ဘထ္ထရီအဆမတန် အကုန်မြန်တာတွေ စတဲ့ ပြသ၁နာတွေ ရှိနေတာကြောင့် အခုလို ရပ်ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
 
အဆိုပါဖုန်းတွင် အများဆုံး ကြုံတွေ့ကြရတဲ့ Error ဟာ Finger Print တွေ အလုပ်မလုပ်နိုင်ခြင်း နဲ့ ဘလူးတုသ် သုံးစွဲတဲ့အခါ ဖုန်းဘထ္ထရီ အစမတန်ကျဆင်းခြင်း စတဲ့ ကြီးမားတဲ့ Error တွေပါဝင်နေပြီး ယခုရှိနေတဲ့ Error တွေကို အမြန်ဆုံး ဖြေရှင်းပြီး ပြသ၁နာကင်းကင်းနဲ့ Android 8.0 Oreo ဗားရှင်းအသစ်ကို မကြာခင် ပြန်လည် ထုတ်ပေးနိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါဖုန်းကို လက်ရှိသုံးစွဲသူတွေ အနေနဲ့လည်း ပြသ၁နာ အကြောင်းတစ်စုံတစ်ရာ ရှိပါက ဖုန်းမှာပါဝင်တဲ့ Mi Community Forum App ကို အသုံးပြုပြီး Report ပြုလုပ်နိုင်တယ်လို့လည်း သိရပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment