SSA (၀မ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးကောက်ခံသူများအား ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်

SSA (၀မ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးကောက်ခံသူများအား ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန် ထားသည်။
 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုမြို့၏ အနောက် ဘက် ၂၄ မိုင်ခန့်အကွာ ပြင်ဦးလွင်-မိုးကုတ်သွား ကားလမ်းအနောက် ဘက်ရှိ သပြေဒိုးကျေးရွာအတွင်း SSA (၀မ်ဟိုင်း) အဖွဲ့ဝင်များ နယ်မြေကျော်လွန် ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံ တပ်မတော် စစ်ကြောင်းက ဇန်န၀ါရီလ ၁၀ ရက်နေ့၊ နံနက် ၃ နာရီခွဲခန့်တွင် SSA (၀မ်ဟိုင်း)အဖွဲ့ဝင်များ ခိုအောင်းနေသည့် နေအိမ်အား ၀င်ရောက် ပိတ်ဆို့ရှာဖွေရာ နေအိမ်အတွင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အတင်းဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
အဆိုပါဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး SSA (၀မ်ဟိုင်း) အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိ စိုင်းမိုးအောင် အပါအ၀င်အဖွဲ့ဝင် ၅ ဦးကို လက်နက်ငယ် ၅ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်မျိုးစုံ ၇၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံး၊ Tablet ၁ လုံး၊ ဆက်ကြေး ကောက်ခံရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၊ လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်း များအား နောင်ချိုမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
 
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

 

Vote: 
No votes yet

Add new comment