စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး ထွန်းထွန်းတို့ ပြန်လည်ပုံဖော်မယ့် 'ကြာတော့ သည်လည်း မောင့်စကား" ရုပ်ရှင်ဇာတ်ကား

စာရေးဆရာမ ဂျူးရေးသားထားတဲ့ "ကြာတော့သည်လည်း မောင့်စကား" ရုပ်ရှင်ဇာတ်ကားကြီးကို စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး၊ ထွန်းထွန်းတို့က ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီဇာတ်ကားဟာ ၁၉၉၅ ခုနှစ်မှာ ရန်အောင်၊ ရဲအောင်၊ စိုးမြသူဇာတို့က ပါဝင်သရုပ်ဆောင် ရိုက်ကူးထားဖူးပြီး အခုလို ပြန်လည်ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီဇာတ်ကားကြီး ကို လာမယ့် ဇန်န၀ါရီ ၁၃ ရက်မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၀ါရင့်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ မီးပွားက တာဝန်ယူ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူအနေနဲ့ ရွှေစည်တော် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေးက တာဝန်ယူ ထုတ်လုပ်မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
 
"ကြာတော့သည်လည်း မောင့်စကား" ၀တ္ထုဇာတ်လမ်းဟာ တင်ဇော်၊ နန္ဒနဲ့ ဖြိုးကျော် တို့သုံးဦး အားပြိုင်ကြတဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်ဖြစ်ပြီး ဇာတ်ကောင်စရိုက်များရဲ့ ခံစားချက်ကို အဓိကအားပြု ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပြန်လည်ပုံဖော်ပို့ ရွေးချယ်ထားတဲ့ သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး ဇာတ်လမ်းကို ပိုင်နိုင်မယ့် ခံစားမှုရသ တကယ်ပေးစွမ်းနိုင်မယ့် သရုပ်ဆောင်တွေနဲ့သာ ပြန်လည် ရိုက်ကူးသင့်ကြောင်းနဲ့ ဇာတ်ကောင်စရိုက်အတိုင်း ပေါ်လွင်အောင် ပုံဖော်နိုင်တဲ့ သရုပ်ဆောင်မှုများကသာ ဇာတ်ရုပ်ကို အဓိကပံ့ပိုးနိုင်မှာ ဖြစ်တယ်လို့ သရုပ်ဆောင် ရွေးချယ်ထားမှုများနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဝေဖန်ထားကြတာကို တွေ့ရပါတယ်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment