ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ မန်ယူနှင့်အပြိုင် တရုတ်စူပါလိဂ်အသင်း ကြိုးပမ်းနေ

ပရီးမီးယားလိဂ် ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူလိုနေတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဂါရက်ဘေးလ်ကို အပြိုင်ခေါ်ယူနိုင်ဖို့ တရုတ်စူပါလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ဂွမ်ဇူးအဲဗားဂရန်ဒီ အသင်းက ကြိုးစားနေတယ်လို့ သိရပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဝန်းကျင် ရရှိမည်ဆိုပါက အဆိုပါကစားသမားကို ရောင်းထုတ်ဖွယ် ရှိနေတယ်လို့လည်း သတင်းများကဖော်ပြနေကြပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌကြီး ပီရက်ဇ်ဟာလည်း လာမည့် နွေရာသီ အပြောင်းအရွှေ့ကာလ ဈေးကွက်ဖွင့်လှစ်ချိန်တွင် ခေတ်သစ်ဂလက်စ်တီကို့စ် လူငယ်အသင်းကို တည်ထောင်ဖို့ရှိနေတာကြောင့် လက်ရှိအသင်းမှာ ပိုလျှံနေတဲ့ ကစားသမားများကို ရောင်းထုတ်ပြီး အသုံးစရိတ် ရှာဖွေဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ အသင်းမှာ မကြာခဏ ဒဏ်ရာ ပြဿနာ ကြုံတွေ့နေရတာကြောင့် ကြံခိုင်မှုပိုင်း စိတ်မချဖြစ်နေပြီး ပီရက်ဇ်က ၄င်းကို ရောင်းထုတ်ချင်နေတာလည်း ဖြစ်ပါတယ်။
 
မန်ယူအသင်းဟာ အဆိုပါကစားသမားကို နည်းပြမိုယက်စ်လက်ထက်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ မကြာခဏ ကမ်းလှမ်းမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိ တရုတ်စူပါလိဂ် အသင်းဖြစ်တဲ့ ဂွမ်ဇူးအဲဗားအသင်းကို အီတလီလက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ကန်နဗာရိုးက ကိုင်တွယ်နေတာ ဖြစ်ပြီး အဆိုပါအသင်းအတွက် ကြယ်ပွင့်ကစားသမားအချို့ ခေါ်ယူအားဖြည့်ဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
Average: 2 (1 vote)

Add new comment