ရိုက်တာသတင်းထောက်နှစ်ဦး ရုံးထုတ်တွင် မီဒီယာဖိနှိပ်ခံရနေမှု ဆန္ဒဖော်ထုတ်မူတစ်ရပ် ပြုလုပ်

သတင်းထောက် ၀လုံးနှင့် သတင်းထောက် မိုးအောင်တို့ နှစ်ဦးကို အစိုးရ လျို့ဝှက်အက်ဥပဒေဖြင့် မတရား ဖမ်းဆီးထားမှုကို မြန်မာသတင်းသမား များ ကာကွယ်ရေးကော်မတီ (PCMJ) က ကန့်ကွက်သော အားဖြင့် ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက သတင်းထောက် ၀လုံးနှင့် သတင်းထောက်မိုးအောင်တို့ နှစ်ဦး ရုံးထုတ်ချိန်တွင် ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
 
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် မြို့နယ်တရားရုံး နောက်ဖက်အပေါက်တွင် ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာ လွတ်လပ်ရေး တောင်းဆိုသည့် ဗီနိုင်းများ ဖြန့်ခင်းကာ ကြွေးကြော်သံမပါဘဲ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment