ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးအား အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးတွင် စွဲချက်တင်တရားစွဲ ၎င်းတို့ကို စာရွက်စာတမ်းပေးသဖြင့် ထိန်းသိမ်းခံရာတွင် ပါဝင်သည့်ဟု အစိုးရထုတ်ပြန်ချက်တွင်ပါသည့် ရဲနှစ်ဦးအား တရားလိုပြသက်သေ စာရင်းတွင် ပါဝင်လာကြောင်းဆို

ဖမ်းဆီးခံ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုမိုးအောင်တို့နှစ်ဦးအား နိုင်ငံတော်လျှို့ ဝှက်ချက် အက်ဥပဒေပုဒ်မဖြင့် အင်းစိန်မြို့ နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ယနေ့(ဇန်နဝါရီ် ၁၀ ရက်)ထပ်မံရုံးထုတ်ပြီး စွဲချက်တင် တရားစွဲကြောင်း သိရသည်။
 
၂၀၁၈ ဒီဇင်ဘာ ၂၇ ရက်က မင်္ဂလာဒုံတရားရုံးတွင် ပထမဆုံးအကြိမ် ရမန်ယူရန် ရုံးထုတ်ခဲ့ပြီး ယနေ့  ရုံးထုတ်အပြီး မှာတော့ သူတို့ နှစ်ဦးကို စွပ်စွဲထားသည့် နိုင်ငံတော် လျှို့ ဝှက်ချက် အက်ဥပဒေပုဒ်မနှင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်ကြောင်း စွပ်စွဲခံရသူများ၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
 
`သူတို့ ကို ဒီကနေ့ နေ့လယ် ၁၁ နာရီခန့် မှာ ရုံးထုတ်လာခဲ့တာ ဖြစ်ပြီးတော့ ကျန်းကျန်းမာမာ တွေ့ ရပါတယ်´ စွဲချက်တင်တဲ့နေ့၌ပင် ၄င်းတို့ နှစ်ဦးရဲ့ရှေ့နေများက အာမခံလျှောက်ထားခဲ့ကြောင်း သိရသည်။ အဆိုပါ အာမခံရမရကို ဇန်န၀ါရီလ ၂၃ ရက်နေ့ရုံးချိန်းတွင် တရားရုံးက ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဆိုသည်။
 
ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည့် ၂၀၁၇၊ ဒီဇင်ဘာလ ၂၁ ရက်က ရဲဝန်ထမ်း နှစ်ဦးနှင့် ညစာအတူစားဖို့ ဖိတ်ခေါ်ခံခဲ့ရပြီးနောက် စာရွက်စာတမ်းအချို့ လက်ဝယ်တွေ့ရှိမှုဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်တယ်ဆိုကာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်သည်။
 
အဆိုပါ ဖမ်းဆီးထိန်းသိမ်းရာတွင် ပါဝင်သည်ဆိုသည့် ရဲဝန်ထမ်းနှစ်ဦးသည် ရုံးထုတ်တွင်ပါဝင်လာခြင်းမရှိဘဲ တရာလိုမှ တင်သွင်းသည့် တရားလိုပြသက်သေစာရင်းတွင် ပါဝင်လာကြောင်း ဦးသန်းဇော်အောင်က ပြောသည်။
 
ဦးသန်းဇော်အောင်က "သူတို့ (ရဲနှစ်ဦးကို)သတင်းမှာ ကြေညာတာက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ လုပ်မယ်ပြောတာပေါ့။ နောက်ပိုင်းမှာတော့ အသေးစိတ်သိရမှာ ဖြစ်တယ်။ တရားစွဲ အဖွဲ့အစည်းကတော့ ဘယ်လိုပုံစံလုပ်သလဲ ဆိုတာ နောက်ပိုင်းမှာ ပြောလို့ရမယ်။ ဒီနေ့မြင်တယ်တွေ့တယ် သတင်းထောက်နှစ်ယောက်ပဲ ပါလာတာကို၊ ရဲနှစ်ယောက်က မပါလာတာကို ကျွန်တော်မေးမြန်းခဲ့ပါတယ်။ စာရွက်ကြည့်တော့မှ တရားလို သက်သေစာရင်းထဲမှာ ပါလာတာတွေ့ရတယ်။ လိုပြသက်သေအနေနဲ့ ပါလာတယ်။ ဒါကို ကျွန်တော်တို့က ကန့်ကွက်လို့ မရပါဘူး။ တရားလိုရဲ့ အခွင့်အရေးပါ။ သူရဲ့ အမှုကို အထောက်အပံဖြစ်မယ့် သက်သေတွေကို တင်မှာပါပဲ”ဟု ပြောသည်။
 
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဟာ မြန်မာနိုင်ငံ ကိုလိုနီနိုင်ငံအဖြစ် ရှိနေစဉ်ကတည်းက ရှိခဲ့တဲ့ ဥပဒေတစ်ခုဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ၎င်းပုဒ်မဖြင့် တရားစွဲဆိုခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
 
ယခင်အစိုးရလက်ထက်က ယူနတီဂျာနယ်ကို ၎င်းဥပဒေဖြင့် တရားစွဲဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ဖူးခြင်းများ ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
ဗြိတိန်၊ ကနေဒါ၊ အမေရိကန်၊ ယူအန် အပါအဝင် ကမ္ဘာ့နိုင်ငံအချို့ မှ အဖွဲ့အစည်းများနှင့် ထင်ရှားသူ လူပုဂ္ဂိုလ်တွေက ဖမ်းဆီိးခံ ရိုက်တာာသတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ခြင်းများရှိပြီး ယနေ့ရုံးထုတ်တွင် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူအချို့ လာရောက်ခြင်းများ ရှိသည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment