အက်ဖ်အေ ဖလား စတုတ္ထဆင့် မဲခွဲမှုရလဒ်များ ထွက်ပေါ်

အင်္ဂလန်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်မဲခွဲမှုတွေကို ယမန်နေ့ညက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းထဲက တစ်သင်းဖြစ်တဲ့
လက်ရှိချန်ပီယံ အာဆင်နယ်အသင်းကတော့ တတိယအဆင့်မှာတင် ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ရလို့ ချန်ပီယံဆုကို ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။ အဆိုပါပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ဖို့ ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ စပါး အစရှိတဲ့အသင်းတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
 
အသင်းကြီးတွေအားလုံးဟာ ပထမအကျော့မှာ ပြိုင်ဘက်အသင်းတွေကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြပေမယ့် ချဲလ်ဆီးအသင်းကတော့ နောဝှစ်စီးတီးအသင်းကို သရေရလဒ်ရရှိအောင်သာ စွမ်းဆောင်ထားနိုင်ခဲ့တာကြောင့် နောဝှစ်စီးတီးအသင်းကိုး စတမ်းဖို့ဒ်ဘရစ်မှာ နောက်တစ်ကျော့ ပြန်လည် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
 
မဲနံပါတ်ရရှိမှုများ
………………….
 
၁။ ရှက်ဖီးလ်ယူနိုက်တက်
၂။ ၀က်တ်ဖို့ဒ်
၃။ ဘာမင်ဂမ်စီးတီး
၎။ လီဗာပူး
၅။ဘရိုက်တန် (သို့) ခရစ်စတယ်ပဲလေ့စ်
၆။ ပီတာဘရော့ခ်ျ
၇။ ဘုန်းမောက် (သို့) ၀ီဂန်
၈။ ကိုဗင်ထရီ
၉။ နယူးပေါ့ ကောင်တီ
၁၀။ ဟက်ဒါဖီးလ်
၁၁။ ရိုဗွီတောင်း
၁၂။ နော်တင်ဟမ်ဖောရက်စ်
၁၃။ နော့ကောင်တီ
၁၄။ အမ်ကေဒွန်
၁၅။ မန်ချက်စတာယူနိုက်တက်
၁၆။ ၀က်စ်ဘရွန်း
၁၇။ ရော့်ခ်ျဒဲလ်
၁၈။ တော့တင်ဟမ် ဟော့တ်စပါး
၁၉။ မစ်ဒယ်ဘရော့ခ်ျ
၂၀။ ဖလိဒ်ဝုဒ် (သို့) လက်စတာစီးတီး
၂၁။ ဟူးစီးတီး
၂၂။ ကာဒစ် (သို့) မန်းစ်ဖီးလ်
၂၃။ မန်ချက်စတာ စီးတီး
၂၄။ ရှာဘူရီ (သို့) ၀က်စ်ဟမ်း
၂၅။ ၀ုဗ် (သို့) ဆွမ်းဆီး
၂၆။ စတီဗန်ရေ့စ် (သို့) ရီးဒင်း
၂၇ ။ နယူးကာဆယ်
၂၈။ မီဝေါလ်
၂၉။ ဆောက်သမ်တမ်
၃၀။ ပရက်စ်တန်
၃၁။ နော်ဝှစ် (သို့) စပါး
၃၂။ ကာလီစ် (သို့) ရှက်ဖီးဝမ်းနက်စ်ဒေး
 
မဲခွဲမှုရလဒ်အပြီးမှာတော့ အောက်ဖော်ပြပါ အသင်းတွေဟာ အက်ဖ်အေဖလား စတုတ္ထအဆင့် ယှဉ်ပြိုင်
ကစားကြရမှာ ဖြစ်ပါတယ်။
 
လီဗာပူး - ၀က်စ်ဘရွန်း
ပီတာဘရော့ခ်ျ - ဖလိဒ်ဝုဒ်တောင်း (သို့) လက်စတာစီးတီး
ဟက်ဒါဖီးလ် - ဘာမင်ဂမ်
နော့တ်ကောင်တီ - ၀ုဗ် (သို့) ဆွမ်ဆီး
ရီဗိုလ်တောင်း - မန်ချက်စတာယူနိုက်တက်
ကာလီစ် (သို့) ရှက်ဖီးဝမ်းနက်စ်ဒေး - စတီဗန်ရေ့စ် (သို့) ရီးဒင်း
ကာဒစ် (သို့) မန်းဖီးလ် - မန်စီးတီး
အမ်ကေဒွန်စ် - ကိုဗင်ထရီစီးတီး
မီလ်ဝေါ (သို့) ရော့ခ်ျဒဲလ်
ဆောက်သမ်တမ် - ၀က်ဖို့ဒ်
မစ်ဒယ်ဘရော့ခ်ျ - ဘရိုက်တန်
ဘုန်းမောက် (သို့) ၀ီဂန် - ရှာဘူရီ (သို့) ၀က်စ်ဟမ်း
ဟူးစီးတီး - နော်တင်ဟမ်ဖောရက်စ်
နော့ကောင်တီ - တော့တင်ဟမ်ဟော့တ်စပါး
နော်ဝှစ် (သို့) ချဲလ်ဆီး - နယူးကာဆယ်
ရှက်ဖီးယူနိုက်တက် - ပရက်စ်တန်
 
အက်ဖ်အေ ဖလား စတုတ္ထအဆင့်ပွဲစဉ်များကို ယခုလ ဇန်န၀ါရီ ၂၇ ရက်မှ ၂၉ ရက်နေ့အတွင်း
ယှဉ်ပြိုင်ကစားကြမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အက်ဖ်အေဖလား ပြိုင်ပွဲများကို ၁၈၇၁- ၇၂ ခုနှစ် ကပင် စတင်ကျင်းပခဲ့တာဖြစ်ပြီး အင်္ဂလန်နိုင်ငံ၌ ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲများအနက် သက်တမ်းအရင့်ဆုံး ရှေးအကျဆုံး ပြိုင်ပွဲကြီး တစ်ပွဲလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment